Powered by Blogger.

ဖုန်းလိုင်းပိုမို ကောင်းမွန်အောင် ဖန်တီးပေးနိုင်မယ့် နည်းပညာ ကို Three ကုမ္မဏီက ထုတ်လုပ်မည်




သင်ရော အိမ်ထဲမှာရောက်နေရင် ဖုန်းလိုင်းမမိတော့တာ မျိုး ကြုံတွေ့နေရပါသလား?

ဗြိတိန် အခြေစိုက် Three နည်းပညာ ကုမ္မဏီက ထုတ်လုပ်လိုက်တဲ့ နည်းပညာ တစ်ခုကတော့ "4G Super-Voice" လို့ အမည်ရပြီး ဗြိတိန် နိုင်ငံက မိုဘိုင်းလ်ဖုန်းတွေအတွက် လိုင်းမမိနိုင်တဲ့ နေရာမျိုးမှာ လိုင်းကောင်းကောင်းရ အောင်ဖန်တီးပေးနိုင်ပါတယ်။

Three ကုမ္မဏီ ရဲ့ ပြောပြချက်အရတော့ ထို နည်းပညာဟာ မိုဘိုင်းလ် ကွန်ရက် ကြိမ်နှုန်းတွေကို လျှော့ချထုတ်လွှတ်စေတဲ့အတွက် အဆောက်အဦး အတွင်းပိုင်းတွေနဲ့ အစွန်အဖျားဒေသတွေမှာ ဖုန်း လိုင်းကောင်းကောင်း မိသွားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိမ်နှုန်းကို လျှော့ချရုံတင်မကပဲ လိုတာထပ် ပိုတိုးလို့လည်း ရတဲ့အတွက် ၀ယ်ယူအသုံးပြုသူတွေအနေနဲ့ အခြေအနေ အရပ်ရပ်မှာ အသုံးပြုနိုင်မှာပါ။

"ဒီနှစ်အကုန်ပိုင်းမှာ ကျွန်တော်တို့ Customer ၁ သန်း ခန့်ဟာ အဆောက်အဦး အတွင်း မှာပါ ကောင်းမွန်တဲ့ ကွန်ရက်ကို ရနိုင်တော့မှာပါ။ သူတို့ရဲ့ဖုန်းတွေကို နေရာတော်တော်များများမှာ လိုင်းကောင်းကောင်းနဲ့ ပိုသုံးနိုင်တော့မှာပါ" လို့ Three နည်းပညာ ကုမ္မဏီ ရဲ့ နည်းပညာ အရာရှိချုပ် Bryn Jones က ဆိုပါတယ်။

ထို နည်းပညာကနေ လန်ဒန် ၊ အက်ဒင်ဘာ့ဂ် နဲ့ ဘာမင်ဂမ် တို့လို မြို့တော်ကြီးတွေမှာ ကောင်းကျိုးရှိလာနိုင်ပြီး အစွန်အဖျား ကျတဲ့ ဒေသတွေအတွက်လည်း အသုံးဝင်လာတော့မှာပါ။

ဒါပေမယ့် ထိုနည်းပညာ ဟာ ဗြိတိန် နိုင်ငံမှာပဲ အသုံးပြုလို့ရနိုင်မှာပါ။ ဒါ့အပြင် ထို နည်းပညာ ကို ရယူသုံးစွဲဖို့ iPhone 6s နဲ့ Samsung Galaxy S6 တို့လို နောက်ဆုံးပေါ်ဖုန်းတွေလိုအပ်ပါတယ်။ Galaxy S4 နဲ့ iPhone 5 တို့မှာဆိုလုံးဝ အသုံးပြုလို့ မရနိုင်ဘူးလို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment