Powered by Blogger.

WhatsApp ကို လစဉ် သုံးစွဲသူ သန်း ၉၀၀ အထိ ရှိနေပြီဖြစ်




Facebook ကုမ္မဏီ ကတော့ အောင်မြင်ပြီးရင်း အောင်မြင်နေပါပြီ။ သြဂုတ်လ အကုန်ပိုင်းမှာ Facebook ဆိုတဲ့ လူမှု ကွန်ရက် ကို နေ့စဉ် သုံးစွဲသူ ၁ ဘီလီယံ အထိ ရှိနေပြီလို့ ကြေညာပြီးတဲ့နောက် အခုထပ်မံ ထွက်ပေါ်လာတဲ့ သတင်းကတော့ Facebook က ပိုင်ဆိုင်ထားတဲ့ မက်ဆေ့ဂ်ျ ပေးပို့ခြင်း App တစ်ခုဖြစ်တဲ့ WhatsApp ဟာ တစ်လကို သုံးစွဲသူ သန်း ၉၀၀ ရှိနေပြီဆိုတာပါပဲ။

Facebook ကုမ္မဏီဟာ WhatsApp ကို ၂၀၁၄ ခုနှစ် အစပိုင်းမှာ ၀ယ်ယူခဲ့တာဖြစ်ပြီး ထို အချိန်ကနေ အခုအချိန်ထိ သုံးစွဲသူ အရေအတွက်ဟာ အဆ ပေါင်းများစွာ တိုးလာခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၄ လ အတွင်းမှာလည်း WhatsApp ကို စတင် သုံးစွဲ သူအရေအတွက်ဟာ သန်း ၁၀၀ အထိ ရှိလာခဲ့ပါတယ်။

ဒီ သတင်းကို တော့ WhatsApp ရဲ့ ပူးတွဲတည်ထောင်သူ Jan Koum က သူ့ရဲ့ Facebook စာမျက်နှာ ကနေ တစ်ဆင့် ကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတာဟာ Facebook က ၀ယ်ယူပြီး အားဖြည့်လိုက်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ Facebook က WhatsApp ကို ၀ယ်ယူလိုက်စဉ်က WhatsApp ကို လစဉ် သုံးစွဲသူ အရေအတွက် ၄၃၀ သန်းပဲ ရှိခဲ့ပါတယ်။

ဒီနှစ် ဧပြီလမှာတော့ သုံးစွဲသူ သန်း ၈၀၀ အထိ တိုးလာခဲ့ပြီး ပြီးခဲ့တဲ့ ၄ လအတွင်းမှာတော့ သုံးစွဲသူ အရေအတွက် သန်း ၁၀၀ ထပ်တိုးလာခဲ့ပြီး အခုအချိန်မှာ WhatsApp ကို လစဉ် သုံးစွဲသူ သန်း ၉၀၀ အထိ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

WhatsApp ဟာ ဖုန်းဟန်းဆက်တိုင်းအတွက် အခမဲ့ ဒေါင်းလုဒ် ပြုလုပ်ခွင့်ပေးထားပေမယ့်လည်း ပထမဆုံး ၁ နှစ်သုံးစွဲပြီးရင်တော့ တစ်သက်လုံးစာအတွက် တစ်ယောက် ၀.၉၉ ဒေါ်လာနှုန်းနဲ့ ၀န်ဆောင်ခ ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အကယ်၍ သန်း ၉၀၀ သော သုံးစွဲသူတွေသာ တစ်သက်လုံးစာ အတွက် ၀န်ဆောင်ခ ပေးပြီး သုံးစွဲမယ်ဆိုရင်တော့ Facebook ကုမ္မဏီ ဟာ WhatsApp ကနေ ဒေါ်လာ ၈၉၁ သန်း ဘဏ္ဍာငွေ ရရှိဦးမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment