Powered by Blogger.

Wi-fi ၊ Bluetooth မလိုဘဲ လူ့ ခန္ဓာကိုယ်ကိုဖြတ်သန်းပြီး ဒေတာလွှဲပြောင်းပေးပို့ နိုင်မယ့် နည်းပညာ




အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနပညာရှင်တွေဟာ လူ့ ခန္ဓာကိုယ်က ဇီဝတစ်သျူးတွေကိုဖြတ်သန်းပြီး ဒေတာတွေ ပေးပို့ နိုင်မယ့် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာသစ်တစ်ရပ်ရဲ့ ရှေ့ ပြေးပုံစံကို စတင်တီထွင်ခဲ့ပါတယ်။ ဒီနည်းပညာသစ်တစ်ရပ်ဟာ လက်ရှိအသုံးပြုနေတဲ့ wireless နည်းပညာထက် စွမ်းဆောင်မှုပိုင်းမှာ အဆပေါင်းများစွာသာတယ်လို့ ဆိုပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က လျှပ်စစ်အင်ဂျင်နီယာတွေဖန်တီးထားတဲ့ ‘Magnetic field human body communication’ နည်းပညာမှာ လူ့ ခန္ဓာကိုယ်ကို ကြားခံပစ္စည်းတစ်ခုအဖြစ်ထားရှိပြီး လူ့ ခန္ဓာကိုယ်မှာ ရှိတဲ့ သဘာဝသံလိုက်စက်ကွင်းကို အသုံးပြုကာ ဇီဝတစ်သျှူးတွေကနေတဆင့် ဒေတာတွေကို လွှဲပြောင်းပေးပို့ နိုင်မှာဖြစ်ပါတယ်။

PVC ပလတ်စတစ်အုပ်ထားတဲ့ ကြေးနီဝါယာကြိုးကို အသုံးပြုသူရဲ့ လက်ဖျားမှာ ရစ်ပတ်ထားပြီး အဆိုပါ ၀ါယာကြိုးက သံလိုက်စက်ကွင်းတွေကို ထုတ်လုပ်ပေးကာ သံလိုက်စက်ကွင်းတွေက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအနှံ့ ကို ဒေတာတွေရောက်ရှိဖို့ အတွက် တစ်သျှူးတွေကနေတဆင့် ဖြတ်သန်းပို့ ဆောင်ပေးမှာ ဖြစ်ပါတယ်။

စမတ်နာရီတွေ၊ fitness tracker တွေ၊ နားကြပ်တွေ စတဲ့ လက်ရှိခေတ်စားနေတဲ့ wearable device တွေ ဟာ  တစ်ခုနဲ့ တစ်ခုချိတ်ဆက်ဖို့ အတွက် Bluetooth နည်းပညာကို အသုံးပြုနေရပါတယ်။ ယခု နည်းပညာအသစ်ဟာ လက်ရှိ ၀ိုင်ယာလက်စ်နည်းပညာထက် စွမ်းဆောင်ရည်ပေါင်းမှာ ထူးကဲသာလွန်ပြီး ဒေတာလုံခြုံမှုပိုင်းမှာလည်း ပိုမိုစိတ်ချရတယ်လို့ ဆိုပါတယ်။

Bluetooth နည်းပညာဟာ ချိတ်ဆက်ထားတဲ့ပစ္စည်းတွေကြားက အတားအဆီးတွေကို ဒေတာဖြတ်သန်း ပို့ နိုင်ဖို အတွက် စွမ်းအင်အမြောက်အများလိုအပ်ပေမယ့် ယခုနည်းပညာကတော့ စွမ်းအင်အနည်းအကျဉ်းသာ လိုအပ်ကြောင်းသိရပါတယ်။

ဒါ့အပြင် Bluetooth ဟာ ပေ ၃၀ အထိ signal တွေကို ထုတ်လွှင့်ပေးနိုင်တာကြောင့် ကြားထဲကနေ ဒေတာကို ဖြတ်ယူဖို့ အတွက် ဖြစ်နိုင်ပြီး ဒီနည်းပညာမှာတော့ ခန္ဓာကိုယ်ထဲကနေ ဒေတာဖြတ်သန်းပေးပို့ တာကြောင့် ၀တ်ဆင်ထားတဲ့လူနဲ့ တိုက်ရိုက်မထိတွေ့ ဘဲနဲ့ ဒေတာကို ဖြတ်ယူဖို့ မဖြစ်နိုင်ဘူးလို့  သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment