Powered by Blogger.

Android Marshmallow မှာ စာကြောင်းတွေကို app အတွင်းကနေပဲ တိုက်ရိုက်ဘာသာပြန်ဆိုနိုင်မည်




Android 6.0 Marshmallow ပါဝင်တဲ့ ဖုန်းတွေဟာ အခုအခါမှာ၊ ဘာသာစကားတစ်ခုကနေ တစ်ခုကို ဘာသာပြန်ဖို့ အတွက် app ပြောင်းသုံး နေစရာမလိုဘဲ သုံးနေတဲ့ app အတွင်းမှာတင် စာတွေကို တိုက်ရိုက် ဘာသာပြန်ဆိုနိုင်တော့မှာဖြစ်ပါတယ်။

ပထမဦးဆုံး Google Translate app ကို ဒေါင်းလုဒ်လုပ်ဖို့ လိုပေမယ့်၊ ဘာသာပြန်ရာမှာသုံးဖို့ app ကို ဖွင့်နေစရာလိုမှာမဟုတ်တော့ပါဘူး။ Twitter တို့ TripAdvisor တို့ လို app အတွင်းမှာ၊ သင်ပြန်ဆိုချင်တဲ့ စာသားကို highlight မှတ်သားလိုက်တာနဲ့ Copy တို့ Cut တို့ ပါတဲ့ floating bar မှာ Translate ဆိုတဲ့ ရွေးချယ်စရာကို တွေ့ ရမှာဖြစ်ပါတယ်။ Translate လုပ်လိုက်တာနဲ့ pop-up တစ်ခုပေါ်လာမှာဖြစ်ပြီး ကြိုက်တဲ့ဘာသာစကားကို ရွေးချယ်ပြန်ဆိုနိုင်မှာဖြစ်ပါတယ်။

ဘာသာစကား ၉၀ ကို ပြန်ဆိုနိုင်မှာဖြစ်ပြီး Linkedln နဲ့ WhatsApp စတဲ့ ဆိုရှယ် app တွေမှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ စာသားကို selection ပေးလို့ ရတဲ့ app တိုင်းမှာ အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

ယခုအခါ တစ်နေ့ ကို စကားလုံးပေါင်း ၁၀၀ ဘီလီယံအထက် ကို လူပေါင်း သန်း ၅၀၀ ကျော်က Google Translate နဲ့ ဘာသာပြန်ဆိုနေကြပြီဖြစ်တယ်လို့  Google ကပြောကြားခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းမှာ Google ဟာ Translate app ကို update ထွက်ရှိခဲ့ပြီး တစ်ပြိုင်တည်း ဘာသာစကားနှစ်မျိုးကို ပြန်ဆိုနိုင် တာကြောင့် လူနှစ်ယောက်ဟာ သူတို့ ကိုယ်ပိုင်ဘာသာစကားတွေနဲ့ စကားစမြည် တစ်ချိန်တည်း ပြောဆိုနိုင်မှာဖြစ်ပါတယ်။

ဒီ့အပြင် အဆိုပါ update မှာ Word Lens ဆိုတဲ့ feature အသစ် ပါဝင်ခဲ့ပြီး၊ ဆိုင်းဘုတ်တွေ ပိုစတာတွေက စာသားတွေကို ဖုန်းကင်မရာကနေ ချိန်ပြီး ဘာသာပြန်နိုင်မှာဖြစ်ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: mashable

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment