Powered by Blogger.

အူရီဒူး ရဲ့ ၅၀ ရာခိုင်နှုန်းငွေဖြည့်အပိုလက်ဆောင်ကြောင့် သုံးစွဲသူများ အဆင်ပြေ




အူရီဒူး( Ooredoo ) ရဲ့ နောက်ဆုံး ပရိုးမိုးရှင်း တစ်ခုဖြစ်တဲ့ ဖုန်းဘေလ် ဖြည့်ရင် ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင် ပေးတဲ့ စနစ်ကြောင့် သုံးစွဲသူတွေအတွက် အဆင်ပြေခဲ့တယ်လို့သိရပါတယ်။

ထို ငွေဖြည့်စနစ် ရဲ့ ပုံစံကတော့ အီလက်ထရောနစ်နည်းနဲ့ ဖြစ်စေ၊ ဘောက်ချာနဲ့ ဖြစ်စေ၊ ငွေဖြည့်ကတ်နဲ့ ဖြစ်စေ ပမာဏမရွေး ငွေဖြည့်လိုက်ပါက ဖြည့်လိုက်တဲ့ ငွေပမာဏရဲ့ ၅၀ ရာခိုင်နှုန်းတိတိ ကို ငွေဖြည့် အပိုဆောင်းလက်ဆောင်အဖြစ် ပေးအပ်တဲ့အစီအစဉ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုငွေဖြည့်လိုက်လို့ အပိုလက်ဆောင်အဖြစ်ရတဲ့ ၅၀ ရာခိုင်နှုန်းကိုတော့ ၂၄ နာရီသက်တမ်းအတွင်း သာ အသုံးပြုရမှာဖြစ်ပါတယ်။

ဥပမာ အားဖြင့် မိမိရဲ့ အူရီဒူး ဖုန်းထဲကို ဖုန်းဘေလ် ၁၀၀၀၀ ကျပ်ဖြည့်သွင်းလိုက်ပါက ဖုန်းဘေလ် ၅၀၀၀ ကို အပိုလက်ဆောင်ရရှိမှာဖြစ်ပြီး ထို အပိုလက်ဆောင် ၅၀၀၀ ကိုတော့ ၂၄ နာရီအတွင်း အသုံးပြုရမှာဖြစ်ပါတယ်။ ထို အချက်ကို နားမလည်ခဲ့တဲ့ သုံးစွဲသူအချို့ကတော့ အူရီဒူးကို ဝေဖန်ခဲ့ကြပါသေးတယ်။

ထို အပိုလက်ဆောင်ရရှိတဲ့ ဖုန်းဘေလ် ၅၀ ရာခိုင်နှုန်းကိုတော့ သုံးစွဲမှု အားဖြင့် ကန့်သတ်ထားခြင်း မရှိပဲ ဖုန်းခေါ်ဆိုမှုများ ၊ ဗီဒီယို ခေါ်ဆိုမှုများ ၊ SMS ပေးပို့ခြင်းများ ၊ ဒေတာ စနစ်ဖြင့် အင်တာနက် အသုံးပြုခြင်းများကို ၂၄ နာရီအတွင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ၂၄ နာရီပြည့်သွားတဲ့အခါမှာလည်း အခမဲ့ ပေးအပ်ထားတဲ့ အပိုလက်ဆောင် ဖုန်းဘေလ် ၅၀ ရာခိုင်နှုန်းသာ ကုန်ဆုံးသွားတာဖြစ်ပါတယ်။ မိမိ ဖြည့်သွင်းလိုက်တဲ့ ဖုန်းဘေလ်ကတော့ ထိခိုက် ဆုံးရှုံးသွားခြင်း လုံးဝမရှိပါဘူး။ ဒီအချက်ကတော့ အူရီဒူးကို ဝေဖန်ခဲ့သူတွေ ဂရုပြုဖို့ မေ့လျော့ခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ထို ပရိုးမိုးရှင်းကာလကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အတွင်းသာ သတ်မှတ်ထားတာဖြစ်ပြီး မည်သူမဆို ထို ပရိုးမိုးရှင်းကို တစ်ကြိမ်ထက်မက ရယူ ခံစားခွင့်ရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment