Powered by Blogger.

Apple ရဲ့ News App ကို တရုတ်နိုင်ငံမှာ အသုံးပြုခွင့်မပေး




မကြာသေးမီကမှ Apple က ထုတ်လုပ်ဖြန့်ချီလိုက်တဲ့ iOS 9 ရဲ့ News App ဟာ ဘယ်နေရာကမဆို သတင်းတွေကို ဖတ်လို့ရအောင် တရားဝင် ဖန်တီးပေးထားတဲ့ App တစ်ခုပဲဖြစ်ပါတယ်။ဘယ်နေရာမှာမဆို သုံးနိုင်တယ်ဆိုပေမယ့်လည်း Apple က တရုတ်နိုင်ငံမှာတော့ News App ကို ရယူ သုံးစွဲခွင့်မပေးထားပါဘူး။

NewYork Times သတင်းတစ်ခုရဲ့ အဆိုအရတော့ Apple ဟာ တရုတ်နိုင်ငံရဲ့ အမေရိကန် ထုတ်ကုန်တွေအပေါ်မှာ ကွန်နက်ရှင်နဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ ဆင်ဆာ အချို့ကြောင့် အခုလို News App ရယူသုံးစွဲခွင့်မပေးခဲ့တာပဲ ဖြစ်တယ်လို့ သိရပါတယ်။ Apple က ဘာကြောင့် အခုလိုလုပ်ရတာလည်း ဆိုတာနဲ့ ပတ်သက်ပြီး ဘာမှ ဖြေရှင်းချက်မပေးခဲ့ပါဘူး။

ဒါပေမယ့် သီအိုရီအရတော့ News App မှာပါဝင်တဲ့ များပြားတဲ့ သတင်းအရင်းအမြစ်တွေနဲ့ သတင်းရေးသားမှုတွေကို ဆင်ဆာ တားမြစ်တာထက်စာရင် News App ရယူသုံးစွဲခွင့်ကို ပိတ်ထားတာက ပိုအဆင်ပြေပါလိမ့်မယ်။

တရုတ်နိုင်ငံရဲ့ နိုင်ငံရေးအရ နည်းပညာသုံးစွဲခွင့်ပေါ် အကျိုးသက်ရောက်ခဲ့တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ Apple ဟာ Apple Maps ရဲ့ သာမန် ဒေတာတွေကိုလည်း တရုတ်နိုင်ငံအတွင်းကနေ ရယူသုံးစွဲခွင့် အလိုလျောက်ပိတ်ထားပြီးသားပါ။ ထို Apple Maps အစား တရုတ် အစိုးရက ဖန်တီးထုတ်လုပ်ထားတဲ့ ကမ္ဘာ့အစွန်အဖျားဒေသတွေကို မြေပုံပေါ်မှာ မမြင်ရတဲ့ App ကိုပဲ တရုတ်ပြည်သူပြည်သားတွေ အစားထိုး သုံးစွဲခဲ့ရပါတယ်။

Apple ရဲ့ အခုလို တရုတ်နိုင်ငံရဲ့ နိုင်ငံရေးဆိုင်ရာ သတ်မှတ်ချက်တွေကို စိန်ခေါ်ပြီး ချဉ်းကပ်လာမှုဟာ Apple ကို တရုတ်နိုင်ငံမှာ iOS ကိရိယာတွေ ဆက်လက် ရောင်းချခွင့်အတွက် အန္တရာယ်ရှိလာနိုင်တယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment