Powered by Blogger.

Minecraft ဂိမ်းကစားပြီး ဒေါ်လာ ၄.၅ သန်းတန် နေအိမ်ကို ၀ယ်ယူခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်





အသက် ၂၃ နှစ်ပဲရှိသေးတဲ့ YouTube ကြယ်ပွင့် တစ်ယောက်ဟာ သူ့ရဲ့ကိုယ်ပိုင် YouTube channel မှာ Subscriber ၉ သန်းကျော်ရှိပြီး အခုလည်း ဟောလီးဝုဒ် တောင်ကုန်းတွေပေးမှာ ဒေါ်လာ ၄.၅ သန်းတန် တဲ့ ဇိမ်ခံ နေအိမ်ကြီးကို ၀ယ်ယူလိုက်ပါပြီ။

YouTube မှာတော့ CaptainSparklez လို့နာမည်ကျော်ကြားတဲ့ Jordan Maron ဆိုသူဟာ သူ့ရဲ့ ကိုယ်ပိုင် YouTube channel မှာတော့ သူ Minecraft ဂိမ်း ကိုကစားတဲ့ ဗီဒီယို တွေပဲ တင်တာဖြစ်ပါတယ်။

ဒါပေမယ့် Maron ကို Maker Sturdios ကုမ္မဏီရဲ့ ကုမ္မဏီခွဲတစ်ခုဖြစ်တဲ့ Polaris နဲ့စာချုပ်ချုပ်လိုက်ပြီး သူ့ရဲ့ ဂိမ်းဆော့တဲ့ အရည်အချင်းတွေကို ကုမ္မဏီ အတွက် ပြသပေးရမှာဖြစ်ပါတယ်။  ကြည့်ရတာ ထို ကုမ္မဏီ နဲ့ ချုပ်ဆိုတဲ့ စာချုပ်က Jordan ကို အရမ်းချမ်းသာသွားစေခဲ့ပုံပါပဲ။





အခုသူဝယ်ယူလိုက်တဲ့ သူ့ရဲ့ အိမ်အသစ်မှာတော့  အထပ်တိုင်း အထပ်တိုင်းဟာ အံ့သြဖွယ် ရှုခင်းတွေကို မြင်ရသလို ၄၁၀၀ စတုရန်း ပေကျယ်ဝန်းပါတယ်။ ထို အိမ်ဟာ ဟောလီးဝုဒ်တောင်ကုန်းပေါ်က Sunset Strip ရဲ့ အပေါ်နားမှာတည်ရှိနေပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတုန်းက Minecraft ဂိမ်းကို တီထွင်ရေးဆွဲခဲ့သူ Markus Persson ၀ယ်ယူထားတဲ့ ဒေါ်လာ သန်း ၇၀ တန် အိမ်နဲ့လည်း သိပ်မဝေးဘူးလို့ သိရပါတယ်။





ထို အိမ်ကြီးမှာ အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၅ ခန်း ၊ မျက်နှာစာမှာ တစ်ထပ် အိမ်အသွင်ရှိပြီး အနောက်ဘက်ကို ၃ ထပ်တိတိ ပြန်ဆင်းသွားတဲ့ ပုံစံမျိုးပါ။ မှန်တွေလည်းကာရန်ထားပြီး သူ့ရဲ့ အိမ်ကနေ လှမ်းကြည့်ရင် ပစိဖိတ် သမုဒ္ဒရာ အထိ တောက်လျှောက်မြင်ရနိုင်ပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment