Powered by Blogger.

Apple TV သစ် နောက်တစ်ပတ် ထွက်မယ်လို့ Tim Cook ပြော




Apple ရဲ့ အမှုဆောင်အရာရှိချုပ် Tim Cook ကို  ဒီနေ့ည WSJ Live အစီအစဉ်မှာ အင်တာဗျူးခဲ့ပါတယ်။ Apple TV သစ် ဒီလထွက်မယ်လို့ ကတိရှိခဲ့တာကို Tim Cook က ဟုတ်ပါတယ်လို့ ပြောခဲ့ပါတယ်။

Apple TV သစ်ဟာ ပိုရှည်ပြီး ပိုအားကောင်းတဲ့ 4th Generation Box ဖြစ်ပါတယ်။ နောက်တစ်ပတ် ပို့ဖို့ လုပ်ထားပါတယ်။ Touchpad ပါတဲ့ ရီမုဒ်ပါရှိပြီး App Store ကို tvOS နဲ့ ရယူသုံးစွဲနိုင်မှာပါ။ Apple Store မှာ ဒါမှမဟုတ် အွန်လိုင်းမှာ အော်ဒါမှာရမယ့် အကြောင်းတွေကိုတော့ အတိအကျ ပြောမသွားပါဘူး။

ဒါ့ကြောင့် နောက်တစ်လထိတော့ စောင့်ရမယ့်ပုံတော့ မပေါက်ပါဘူး။ TV အတွေ့အကြုံက iPhone ထက်ကို ဆယ်စုနှစ်တစ်ဟု နောက်ကျ ရှိခဲ့ပြီး အဲ့ဒါကို ခေတ်မှီအောင် လုပ်ရမယ် လို့ သူက မှတ်ချက်တွေမှာ ရှင်းပြခဲ့ပါတယ်။

Appတွေကို ရုပ်သံလိုင်းတွေလိုမျိုး စုစည်းထားတဲ့ အနာဂတ်နေရာ အကြောင်းတစ်ခုကို Netflix အမှုဆောင်အရာရှိချုပ် Reed Hastings က လေးလေးနက်နက် စဉ်းစားခဲ့ပေမဲ့ အခု Tim Cook ကတော့ သမရိုးကျ TV setup ဟာ ဘယ်လောက်ထိ ဘယ်လောက် ရယ်စရာကောင်းသလဲဆိုတဲ့ အကြောင်းနဲ့ အဲ့ဒါကို အဆင့်မြှင့်နိုင်တဲ့ နေရာ ကိုသာ အာရုံစိုက်နေပါတယ်။

“ကေဘယ်လ် ကုမ္ပဏီတစ်ခုကနေ HBO ကိုဝယ်ဖို့ ခင်ဗျားကြိုးစားဖူးလား။” ဆိုပြီး Tim Cook ကပြောခဲ့ပါတယ်။ သူထောက်ပြတဲ့အချက်က ကောင်းပါတယ်။


( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment