Facebook
က ကျွန်တော်တို့အတွက် သတင်းစာစင်ဖြစ်ချင်ပါတယ်တဲ့။
Facebook
App ထဲမှာတင် သတင်းဆောင်းပါးတွေကို အသင့်ဖတ်နိုင်မယ့် Feature ကို Facebook က ထုတ်နေပါပြီ။
သတင်းခေါင်းစဉ်တွေကို ဖတ်ရုံတင်မဟုတ်ဘဲ၊ သတင်းဆောင်းပါး အဆုံးထိ ဖတ်နိုင်စေပြီး သတင်းဗီဒီယိုတွေကိုလည်း
ကြည့်စေနိုင်မယ်လို့ Facebook က အောက်တိုဘာ ၂၀ရက်နေ့မှာ ပြောပါတယ်။
လွန်ခဲ့တဲ့
၅လတုန်းက ဒီလို feature ကို အကန့်အသတ်နဲ့ မိတ်ဆက်ခဲ့ဖူးပါတယ်။
Facebook ထဲမှာ သတင်းဖတ်ရတာဟာ
စံဝဘ်ဆိုဒ်တစ်ခုမှာဖတ်ရတာထက် ၁၀ဆ ပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ပိုမြန်တဲ့ loading,
ပိုကောင်းတဲ့ အပြင်အဆင်တွေ ဖြစ်စေရမယ်လို့လည်း Facebook က ကတိပေးထားပါတယ်။
“ကျွန်တော်တို့
အာရုံအစိုက်ဆုံးအရာကတော့ နေ့စဉ်တန်ဖိုးကို ထောက်ပံ့ပေးဖို့ပါပဲ။” လို့ Instant
Articles အဖွဲ့ကို စီမံခန့်ခွဲနေသူ Chris Cox က Wall Street ဂျာနယ်ကလုပ်တဲ့
WSJDLive အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
မဂ္ဂဇင်းတွေ၊
ဝဘ်ဆိုဒ်တွေ နဲ့ နေ့စဉ်သတင်းစာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တစ်နေ့တစ်နေ့ကို သတင်းဆောင်းပါးပေါင်း
၁၀၀၀ Facebook မှာ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။
( Skyler
)
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref:
Cnet
0 comments:
Post a Comment