Powered by Blogger.

အိန္ဒိယနိုင်ငံရဲ့ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံးလေဆိပ်




အိန္ဒိယနိုင်ငံ၊ Kerala ပြည်နယ်က Cochin လေဆိပ်ဟာ အခုအခါ နေရောင်ခြည်စွမ်းအင်နဲ့ ပဲ လည်ပတ်တဲ့ ကမ္ဘာ့ပထမဆုံးလေဆိပ်ဖြစ်လာပါတယ်။

၂၀၁၃ ခုနှစ်မှာ လေဆိပ်အမိုးပေါ်မှာ နေရောင်ခြည်ခံပြား ၄၀၀ ကို စတင်တပ်ဆင်ပြီး နေရောင်ခြည်ဓာတ်အားပေးစက်ရုံလေးတစ်ခုနဲ့ စခဲ့တဲ့ ရှေ့ ပြေးစမ်းသပ်မှုပရောဂျက်တစ်ခု အောင်မြင်ခဲ့ပြီးနောက် အခုအခါမှာ ဆိုလာပြား ၄၆၀၀၀ ကျော်နဲ့ ကမ္ဘာ့ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး လေဆိပ်ဖြစ်ခဲ့ပြီဖြစ်ပါတယ်။

ယခုနှစ်၊ သြဂတ်စ်လမှာ ၁၂ မီဂါဝပ်ရှိတဲ့ နေရောင်ခြည်ဓာတ်အားပေးစက်ရုံကို ထည့်သွင်းတည်ဆောက်ခဲ့ပြီးနောက်မှာ လေဆိပ်ရဲ့ လိုအပ်တဲ့စွမ်းအင်ပမာဏကို လုံးဝပြည့်မီသွားခဲ့တာ ဖြစ်ပါတယ်။

လေဆိပ်မန်နေဂျင်းဒါရိုက်တာ VJ Kurian ရဲ့ အဆိုအရ မီတာခဆောင်ရမှုများပြားမှုက သဘာဝစွမ်းအင်ဘက်ကို လှည့်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလေဆိပ်ဟာ အိန္ဒိယနိုင်ငံရဲ့ ခုနှစ်ခုမြောက် အလုပ်အရှုပ်ဆုံးလေဆိပ်တစ်ခုဖြစ်ပြီး တစ်ပတ်ကို လေယာဉ် ခရီး ၁၀၀၀ ကျော်ကို စီမံနေရပြီး လျှပ်စစ်ယူနစ်ပေါင်း ၄၈၀၀၀ ယူနစ်လောက် ကျသင့်ကာ တစ်နေ့ ကို ဒေါ်လာ ၅၁၆၀ လောက်ပေးဆောင်နေရပါတယ်။

အခုအခါမှာတော့ ဆိုလာစွမ်းအင်ဟာ လိုအပ်တာထက်တောင်ပိုလျှံနေပြီး ပိုလျှံနေတဲ့လျှပ်စစ်ဓာတ်အားကို ပြည်နယ်ပင်မဓာတ်အားလိုင်းမှာ မိုးရွာတဲ့နေ့ တွေနဲ့ ညဘက် လိုအပ်ချက်တွေအတွက် သိုလှောင်ထားလျက် ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: bbc

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment