Powered by Blogger.

PlayStation 4 တွေ ကန်ဒေါ်လာ၅၀ ဈေးလျော့ပြီ




အမေရိကမှာ PlayStation 4 တွေကို ကန်ဒေါ်လာ ၅၀ဈေးလျှော့ပြီး $349.99 နဲ့ရောင်းချပေးနေပြီဖြစ်ကြောင်း Sony ကနေ တရားဝင်ထုတ်ပြန်ပါတယ်။

ယခုအပတ်အစောပိုင်းမှာ ဈေးတွေကျမယ်ဆိုပြီး သတင်းပေါက်ကြားမှုဖြစ်ခဲ့ပါတယ်။ အခုဆိုရင် Nathan Drake စုစည်းမှု အနေနဲ့လည်း လက်လီဈေး $350 နဲ့ ရောင်းချပေးနေပြီဖြစ်တဲ့အတွက်  ဂိမ်းစက်ဝယ်မယ်လို့ ဆုံးဖြတ်ထားသူတွေအနေနဲ့ PlayStation 4 ကိုဝယ်ယူဖို့ အချိန်ကျပါပြီ။ အရင်က $450 ဖြစ်ခဲ့တဲ့ Star Wars Battlefront (Limited Edition) စုစည်းအနေနဲ့လည်း $400 ဖြစ်သွားပါတယ်။ 1TB HDD ပါတဲ့ Limited Edition Call of Duty: Black Ops III PS4 စုစည်းမှုဟာလည်း အခုဆိုရင် $429.99 ပဲရှိပါတော့တယ်။ Sony က သိပ်ကောင်းတဲ့ ဈေးကွက်ဖြန့်ချိမှုတွေနဲ့အတူ Xbox One ထက်ကို ရောင်းအားကောင်းနေဆဲလို့ သိရပါတယ်။

ဈေးကျဖို့ရှိတယ်ဆိုတဲ့ သတင်းကို စက်တင်ဘာလက ကျင်းပခဲ့တဲ့ တိုကျိုဂိမ်းရှိုး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြီးသားဖြစ်တဲ့အတွက် ခုလိုတရားဝင်ဈေးကျတဲ့ သတင်းဟာ သိပ်တော့လည်း အံ့သြစရာမရှိပါဘူး။ ဥရောပနဲ့ အခြားသောကမ္ဘာ့နိုင်ငံများမှာ PS4 နဲ့ပတ်သက်ပြီး ဈေးချမယ်ဆိုတဲ့သတင်းကိုတော့ Sony က မထုတ်ပြန်ထားသေးပါဘူး။

လက်ဆောင်ပေးရာသီဖြစ်တဲ့ ခရစ်စမတ်အမှီမို့ ကနေဒါနဲ့ အမေရိကတို့အတွက်တော့ သတင်းကောင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ Xbox One က သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းမှာ PS4 နဲ့ယှဉ်ရင် အကွာကြီးတော့လည်းမဟုတ်ပါဘူး။ ဒါပေမဲ့ Sony က ဈေးကွက်ဖြန့်မှုပိုင်းမှာ အားကောင်းတဲ့အတွက် Xbox One က ဒုတိယနေရာမှာပဲ သိသိသာသာ ရှိနေဆဲပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref:Rapid News Network 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment