Powered by Blogger.

ပင်လယ်ထဲမှာ ရေကူးရင်း ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့် နည်းပညာမြင့် ဘစ်ကနီ ၀တ်စုံ




အမျိုးသမီးတွေအနေနဲ့ ပယ်လယ်ထဲမှာ ရေဆင်းကူးရုံနဲ့ ကမ္ဘာကြီးကို ပါကယ်တင်နိုင်မယ်ဆိုရင် သင်သဘောကျမှာလား?

ဘယ်လို ကယ်တင်နိုင်မှာလဲဆိုရင်တော့ အသစ်ထွက်ပေါ်လာတဲ့ နည်းပညာမြင့် ဘစ်ကနီ ၀တ်စုံကို လက်ညှိုးထိုးပြရပါလိမ့်မယ်။ ထို ဘစ်ကနီ ကတော့ ပင်လယ်ထဲက ညစ်ညမ်းပစ္စည်း ( pollutant ) တွေကို စုပ်ယူနိုင်စွမ်း ရှိလာအောင် ဒီဇိုင်းပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

ထို ဘစ်ကနီကိုတော့ The Sponge Suit ဘစ်ကနီ လို့ခေါ်ပြီး ကယ်လီဖိုးနီးယား တက္ကသိုလ်က ကျောင်းသားတွေက ဒီဇိုင်းရေးဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Reshape15 ဆိုတဲ့ ၀တ်ဆင်နိုင်တဲ့နည်းပညာ ပြိုင်ပွဲမှာလည်း ပထမဆု ရခဲ့တဲ့ ဘစ်ကနီဖြစ်ပါတယ်။

ဒီဘစ်ကနီကို ပြုလုပ်ထားတဲ့ အခြေခံ ကုန်ကြမ်းကတော့ Sponge လို့ခေါ်ပါတယ်။ ထို Sponge ဟာ ဆီတွေနဲ့ဓါတုပိုလျှံ ပစ္စည်းတွေကို သန့်စင်ပေးနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ပင်လယ်ရေထဲက ဆားဓါတ်ကို ထုတ်ပယ်ဖို့လည်း အသုံးပြုနိုင်တဲ့ ကုန်ကြမ်းတစ်မျိုးဖြစ်ပါတယ်။ ထို ကုန်ကြမ်းဟာ အလေးချိန်ပေါ်မူတည်ပြီး အကြိမ် ၂၀ အထိ စုပ်ယူနိုင်စွမ်းရှိတယ်လို့သိရပါတယ်။

ထို ကုန်ကြမ်းကို အီလက်ထရစ်ကယ် အင်ဂျင်နီယာ ဘာသာရပ် ရဲ့ ပရော်ဖက်ဆာ တစ်ဦးဖြစ်သူ Mihri Ozkan က ဦးဆောင်ပြီး ဒီဇိုင်း ကုမ္မဏီ တစ်ခုဖြစ်တဲ့ Eray Carbajo ကို ၀တ်ဆင်နိုင်တဲ့ ကုန်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲစေခဲ့တာပဲဖြစ်ပါတယ်။ ဒီဝတ်စုံအတွက် လိုအပ်တဲ့ Sponge ကုန်ကြမ်းတွေဟာ သဘာဝပတ်ဝန်းကျင် အတွက် အလွန်ကောင်းမွန်နေစေနိုင်ပေမယ့်လည်း ကုန်ကျစရိတ်ကတော့ များမယ်လို့ Ozkan က ဆိုထားပါသေးတယ်။

ထို Sponge Suit ဆိုတဲ့ ဘစ်ကနီကတော့ 3D Print shell တစ်မျိုးဖြစ်တဲ့ Sponge ကုန်ကြမ်းရဲ့ လေ ၊ ရေဖြတ်သန်းသွားနိုင်မယ့် ရှုပ်ထွေးသော ကွန်ရက် ပုံစံ တည်ဆောက်ထားမှု ပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment