Powered by Blogger.

SanDisk ကုမ္မဏီကို ရောင်းချတော့မယ်




SanDisk ဆိုတာဟာ သိုလှောင်ခြင်း လုပ်ငန်းမှာ ထိပ်ဆုံးက ဦးဆောင်နေခဲ့ပြီး ယနေ့ခေတ် နည်းပညာ ကို အသုံးပြုနေတဲ့ လူသားတိုင်းဟာ SanDisk က ဖန်တီးပေးခဲ့တဲ့ Memory Card တွေနဲ့ Solid-State Drive တွေအတွက် ကျေးဇူးတင်ရမှာပါ။ ဒါပေမယ့်လည်း ဒီနာမည် ဟာ ရေရှည်မှာ မရပ်တည်နိုင်တော့ဘူးလို့ သိရပါတယ်။

Bloomberg သတင်းဌာန ရဲ့ အဆိုအရတော့ SanDisk ဟာ သူတို့ကုမ္မဏီကို ရောင်းချဖို့ ကြိုးစားနေပါတယ်တဲ့။ ကုမ္မဏီဟာ လက်ရှိမှာ နီးစပ်တဲ့ ကုမ္မဏီ ကြီးတွေဖြစ်တဲ့ Micron နဲ့ Western Digital ကုမ္မဏီ တွေနဲ့ အရောင်းအ၀ယ် ကိစ္စ စကားပြောနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဘာကိုမှတော့ အတိအကျ မပြောနိုင်သေးပါဘူး။

တစ်ကယ်လို့ များ SanDisk ကုမ္မဏီကိုရောင်းမယ်ဆိုရင်တော့ လက်ရှိ SanDisk နဲ့ ကုန်ပစ္စည်း ထုတ်လုပ်မှု အပိုင်းမှာ တွဲဖက်လုပ်ကိုင်နေတဲ့ Toshiba ကုမ္မဏီနဲ့တော့ သဘောတူညီမှု ယူရဦးမှာ ဖြစ်ပါတယ်။

ဒီ ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ ကုမ္မဏီတွေကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘာထင်မြင်ချက်မှ မပေးခဲ့ကြပါဘူး။ လက်ရှိ Storage နည်းပညာ လောကမှာ လက်ဝါးကြီးအုပ်ထားနိုင်တဲ့ ကုမ္မဏီက Samsung ပဲ ဖြစ်ပါတယ်။ Samsung ရဲ့ Flash Memory တွေဟာလည်း ကမ္ဘာတစ်ဝှမ်းက ကွန်ပျူတာတော်တော် များများနဲ့ မိုဘိုင်းလ် တွေမှာ အသုံးပြုနေပါတယ်။

ဒါကြောင့် Samsung ကို ယှဉ်ပြိုင်နိုင်ဖို့ကတော့ Micron နဲ့ SanDisk တို့ပူးပေါင်းနိုင်ဖို့လိုနေပါပြီ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment