Powered by Blogger.

လူသားဦးနှောက်ကို အခြေခံထားပြီး အဆ ၉၀၀၀ မြန်တဲ့ ဆားကစ်ဘုတ်



လူသားဦးနှောက်လို အလုပ်လုပ်တဲ့ ဆန်းသစ် ကွန်ပျူတာ အမျိုးအစားသစ်ကို သုတေသီတွေက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။
 Neurogrid လို့ခေါ်တဲ့ ဒီဆားကစ်ဘုတ်ဟာ ဦးနှောက်ဆဲလ် တစ်သန်း နဲ့ ဆိုင်နပ်ဆစ် ဆက်သွယ်မှု သန်းထောင်ပေါင်းများစွာကို တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ လက်ရှိကွန်ပျူတာတွေထက် အဆ ၉၀၀၀ မြန်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ ကွန်ပျူတာစည်းရိုးတွေဟာ ဦးနှောက်နဲ့ ယှဉ်လို့ရပါတယ်။
PC ကွန်ပျူတာဟာ နှေးကွေးရုံတင်မကဘဲ၊ အလုပ်လုပ်ဖို့ ပါဝါ အဆ ၄၀၀၀၀ ကုန်တယ်လို့ စတန်းဖို့ဒ် တက္ကသိုလ်၊ ဇီဝအင်ဂျင်နီယာ တွဲဖက်ပါမောက္ခ Kwabena Boahen က ရေးပါတယ်။
Neurogrid ဆားကစ်ဘုတ်မှာ စိတ်တိုင်းကျ ဒီဇိုင်းရေးဆွဲထားတဲ့ “Neurocore” ချိပ်စ် ၁၆ခု ပါဝင်ပါတယ်။ အဲ့ဒီ့ ချိပ်စ် ၁၆ခုလုံး ပေါင်းပြီး အာရုံကြောဆဲလ် ၁သန်းကို တုံ့ပြန်မှာပါ။ ဒီဆားကစ်ဘုတ်ကို ထုတ်လုပ်ဖို့ လက်ရှိမှာ ကန်ဒေါ်လာ ၄၀၀၀၀ ကုန်ကျတယ်လို့ သိရပါတယ်။
( Skyler )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment