Powered by Blogger.

လူတွေရဲ့ စမတ်ဖုန်း ကြည့်ရှုအသုံးပြုမှုဟာ သူတို့ထင်တာထက် နှစ်ဆရှိ




နည်းပညာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အများကြီးရှိနေပါတယ်။ ဒါပေမယ့် လူတွေဟာ မိမိကိုယ်ကို ဂရုစိုက်မှု၊ ဂရုပြုမှုကတော့ တော်တော်နည်ပါးနေပြီဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်အသစ်အရ စမတ်ဖုန်းသုံးစွဲကြတဲ့ လူတိုင်းဟာ အခြေခံအားဖြင့် သူတို့ဖုန်းသုံးစွဲတဲ့အချိန်ပမာဏကို လျှော့တွက်ထားကြပါသတဲ့။

ပုံမှန်လူတစ်ယောက်ဟာ တစ်နေ့ကို ငါးနာရီကြာ ဖုန်းသုံးစွဲပါကြောင်း၊ ဒါဟာ သူတို့ရဲ့ အလုပ်လုပ်ချိန်ထက် ၈၅ဆခန့် များနေတာဖြစ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

အတွေးအမြင်နဲ့ တကယ့်အစစ်အမှန်ကြား ကွာဟချက်ကို တိုင်းတာဖို့အတွက် အင်္ဂလန်ရှိ Lancaster University မှ စိတ်ပညာရှင်တွေဟာ အသက် ၁၈နှစ်နဲ့ ၃၃ နှစ်ကြားသူ စမတ်ဖုန်းသုံးစွဲသူ ၂၃ ဦးကို လေ့လာစမ်းသပ်ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ဖုန်းသုံးစွဲမှုကို ခန့်မှန်းတိုင်းတာဖို့ Usage-Tracking app ကို ဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုစေခဲ့ပါသတဲ့။


ဒီ app က နာရီကြည့်တာ၊ မက်ဆေ့ခ်ျပို့တာ၊ လူမှုကွန်ယက်သတင်းတွေအပြင် ဖုန်းခေါ်ဆိုမှုများ၊ သီချင်းနားထောင်တာတွေ အားလုံးကို မှတ်သားထားပေးတာဖြစ်ပါတယ်။ စုစုပေါင်းကြည့်လိုက်တဲ့အခါမှာတော့ ဖုန်းသုံးစွဲမှုပမာဏဟာ ထင်ထားတာထက် ၂ဆများနေတာကို တွေ့ရတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment