Powered by Blogger.

အူရီဒူး ရဲ့ သီတင်းကျွတ် ပရိုးမိုးရှင်း ဟာ အင်တာနက် အသုံးပြုသူတွေအတွက် အဆင်ပြေစေ




အူရီဒူး ( Ooredoo ) ကုမ္မဏီ ဟာ မကြာသေးခင်ကပဲ သီတင်းကျွတ်ကာလအတွက် ပရိုမိုးရှင်း အဖြစ် ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင် အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။

ထို အစီအစဉ်နဲ့ ပတ်သက်ပြီးတော့ သုံးစွဲသူတွေရဲ့ ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထို ၅၀ ရာခိုင်နှုန်း ငွေဖြည့် အပိုလက်ဆောင်ဟာ ၂၄ နာရီအတွင်းသာ သုံးစွဲခွင့်ရရှိမှာဖြစ်ပြီး အူရီဒူး အချင်းချင်း ဖုန်းခေါ်ဆိုမှု ၊ SMS ပေးပို့မှု နဲ့ အင်တာနက် အသုံးပြုမှုတို့ကိုသာ ရရှိနိုင်လို့ပါ။

ဒါကြောင့် သုံးစွဲသူတွေက ၂၄ နာရီ ဆိုတဲ့ အချိန်ကန့်သတ်မှု နဲ့ အူရီဒူးအချင်းချင်း ဆိုတဲ့ သတ်မှတ်ချက်တွေကို ထောက်ပြဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်တော့ ဒါဟာ ပရိုးမိုးရှင်းအနေနဲ့ အလကားပေးထားတာပါ။ ဥပမာ သင်ဟာ အူရီဒူးဖုန်းထဲကို ငွေ ၅၀၀၀ ဘေလ် ဖြည့်လိုက်တဲ့အခါမှာ ငွေ ၂၅၀၀ ကို အပိုလက်ဆောင်အဖြစ်ရရှိလာမှာပါ။ ထိုငွေ ၂၅၀၀ ဟာ အူရီဒူး အချင်းချင်း ဖုန်းပြောခြင်း နဲ့ SMS ပေးပို့ခြင်းကို ၂၄ နာရီအတွင်းသာ အသုံးပြုနိုင်တယ်ဆိုပေမယ့် အင်တာနက် လည်း အသုံးပြုနိုင်မှာပါ။

1MB ကို ၆ ကျပ်နှုန်းထားရှိတဲ့ အူရီဒူး ရဲ့ ဖလန်းဖလန်း အင်တာနက်ကို ၂၅၀၀ ကျပ်ဖိုးအထိ အခမဲ့ အသုံးပြုခွင့်ရသွားမှာပါ။ ဒါဟာ အခြား အော်ပရေတာ တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာတော့ အူရီဒူးက သိသိသာသာ ထိုက်တန်သွားပါပြီ။ တယ်လီနော ရဲ့ Smart အင်တာနက်ဟာလည်း 1MB ကို ၆ ကျပ်နှုန်း ကျသင့်ပါတယ်။ MPT ရဲ့ ဆွေသဟာ အစီအစဉ်ဟာလည်း 1MB ကို ၆ ကျပ်ကျသင့်နေပါတယ်။ အူရီဒူးရဲ့ ဖလန်းဖလန်း အင်တာနက်ဟာလည်း 1MB ကို ၆ ကျပ်နှုန်းကျသင့်ပါတယ်။

ဖုန်းလိုင်း ၃ ခုလုံးရဲ့ အင်တာနက် မြန်နှုန်းတွေဟာလည်း မြန်နှုန်းမြင့် အစီအစဉ်တွေပါပဲ။ ဒါဆို ငွေကျပ် ၅၀၀၀ ဖိုး အင်တာနက် သုံးမယ်ဆိုရင် 833 MB ဆီအသုံးပြုခွင့်ရပါလိမ့်မယ်။ ဒါပေမယ့် အူရီဒူးကတော့ ၅၀ ရာခိုင်နှုန်းအပိုလက်ဆောင်ပေးထားတဲ့အတွက် 416 MB တိတိကို ၂၄ နာရီအတွင်း အသုံးပြုခွင့်ရသွားပြန်ပါတယ်။

ဒါကြောင့် အူရီဒူး ရဲ့ သီတင်းကျွတ် ပရိုမိုးရှင်းဟာ ဝေဖန်မှုတွေများနေခဲ့ပေမယ့်လည်း တစ်ကယ်တမ်းမှာတော့ အင်တာနက် အသုံးပြုမှု အပိုင်းမှာ သိသိသာသာ ထိုက်တန်နေတာကိုတွေ့ရပါတယ်။

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment