Powered by Blogger.

ပရိတ်သတ်တွေစောင့်စားနေတဲ့ လက်ခလယ် emoji ကို Apple က iOS 9.1 Update မှာ ထည့်သွင်းပေးထား




ကမ္ဘာ့ရွာကြီးဟာ နည်းပညာ ထိပ်တန်း Apple ကုမ္မဏီ ရဲ့ နောက်ဆုံးထုတ် emoji တစ်ခုကြောင့် ပိုမို ရိုင်းပျ လာပါတော့မယ်။

Apple ပရိတ်သတ်တွေ မျှော်လင့်နေတဲ့ လက်ခလယ် emoji ဟာ အသစ်ထုတ်လုပ်လိုက်တဲ့ iOS 9.1 မှာ ပါဝင်လာပါပြီ။ အောက်တိုဘာ ၂၁ ရက်နေ့က စပြီး ဒေါင်းလုဒ်ပြုလုပ်ခွင့်ပေးလိုက်တယ်လို့လည်း သိရပါတယ်။

ပရိတ်သတ် အများစုကတော့ ထို emoji ကို ဒီနှစ် အစောပိုင်းကတည်းက ထွက်ရှိခဲ့တဲ့ iOS 9 မှာ ပါဝင်မိတ်ဆက်လာမယ်လို့ ထင်ထားခဲ့ကြပေမယ့် လူတစ်ယောက်ယောက်ကို ဆဲဆိုဖို့အတွက် အသုံးပြုစရာ emoji မရှိသေးတဲ့အခါမှာ အားလုံးက စိတ်ပျက်ခဲ့ကြပြန်ပါတယ်။ iOS 9.1 မှာ ပါဝင်လာတဲ့ အခြား emoji တွေထဲမှာတော့ မက္ကဆီကို နိုင်ငံရဲ့ အစားအစာ တစ်မျိုး ဖြစ်တဲ့ Taco လည်းပါဝင်လာပါတယ်။

တစ်ချို့လူတွေကတော့ ထို Taco ဆိုတဲ့ အစားအစာ ဟာ ရိုင်းပျ တဲ့ အခြား အဓိပ္ပာယ်တွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။ အခြား emoji တွေကတော့ ချိစ်တုံး ၊ ရှန်ပိန်ပုလင်းကစလို့ ရော့ခ်ဂီတ ရဲ့ လက်သင်္ကေတ အားလုံးပါဝင်လာပါတယ်။

တစ်ကယ်တော့လည်း ရိုင်းပျတဲ့ emoji နယ်ပယ်ထဲကို Apple ၀င်လာတာ အရမ်းနောက်ကျနေပါပြီ။ ဒီနှစ်အစောပိုင်းမှာကတည်းက Microsoft ဟာ Windows တွေအတွက် ကိုယ်ပိုင် လက်ခလယ် emoji ကို မိတ်ဆက်ထားပါတယ်။



( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment