Powered by Blogger.

နေရောင်နဲ့ထိရင် ပျောက်ကွယ်သွားမယ့် သွေးစုပ်ဖုတ်ကောင် ဒရုန်း




နေရောင်နဲ့ထိရင် ပျောက်ကွယ်သွားမယ့် သွေးစုပ်ဖုတ်ကောင်လို မောင်းသူမဲ့လေယာဉ် ဒီဇိုင်း ဖန်တီးပေးဖို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က တောင်းဆိုလိုက်ပါတယ်။

အပျောက်ရိုက်ထားတဲ့ အထူးတပ်ဖွဲ့တွေ အတွက် အထောက်အပံ့တွေ ဒါမှမဟုတ် စစ်မြေပြင်မှာ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဒရုန်းတွေက သွားချပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒရုန်းတွေတည်ရှိမှုက လက်ခံရယူသူတွေရဲ့ တည်နေရာကို သတင်းပေးသလို ဖြစ်သွားစေနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်တွေရဲ့ဒရုန်းနည်းပညာဟာ ရန်သူတွေရဲ့ လက်ထဲကိုရောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် နေ့ဘက်အလင်းရောင်ထဲမှာ ပျောက်ကွယ်သွားမယ့် သွေးစုပ်ဖုတ်ကောင် ဒရုန်း တည်ဆောက်ဖို့အတွက် ဒီဇိုင်းတွေကို ပင်တဂွန်က တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ပစ္စည်းတွေ ပို့ဆောင်နေတဲ့ အချိန် ၄နာရီအတွင်း အတိပျောက်ကွယ်နေနိုင်တဲ့ လေယာဉ်ကို ဖန်တီးမယ့် စီမံကိန်းသစ်ကို အဆင့်မြင့်ကာကွယ်ရေးသုတေသနအစိုးရဌာန (DARPA) ကနေ ရံပုံငွေထောက်ပံ့ပေးနေပါတယ်။ ဒီစီမံကိန်းကို Icarus လို့အမည်ပေးထားပါတယ်။ Icarus ဆိုတာကတော့ ဂရိဒဏ္ဍာရီထဲက ကောင်လေးဖြစ်ပြီး နေနဲ့အရမ်းနီးကပ်ပြီး ပျံသန်းခဲ့တဲ့အချိန်မှာ သူ့ရဲ့ဖယောင်းအတောင် တွေ အရည်ပျော်ကျသွားခဲ့သူပါ။



ဒီလို နေ့အလင်းမှာ ပျောက်ကွယ်တဲ့ ဒရုန်းသာမရှိခဲ့ဘူးဆိုရင် သွားဖို့ခဲယဉ်းတဲ့နေရာတွေဆီသွားတဲ့ အခါ လမ်းအရင်ရှင်းထားရတာ၊ ပုန်းနေရတာမျိုး လုပ်ရပါတယ်။ အဲဒီ့အတွက် အချိန်ကုန်ပါတယ်။ ဒီလို အချိန်မကုန်ပဲ တိုက်ရိုက်သွားနိုင်ဖို့အတွက်ကို Darpa ကရည်ရွယ်ခဲ့တာပါ။


( Skyler ) 

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref:Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment