Powered by Blogger.

Pepsi ကုမ္မဏီ က စမတ်ဖုန်း ထုတ်လုပ် ရောင်းချမည်




Apple ၊ Samsung ၊ HTC ၊ Huawei ၊ Xiaomi စတဲ့ ဖုန်း ကုမ္မဏီ ကြီးတွေဟာ သူ့နေရာနဲ့ သူ စမတ်ဖုန်းလောက မှာ ဦးဆောင်နေကြပါတယ်။ ဒါပေမယ့်လည်း မထင်ရတဲ့ ကုမ္မဏီ တစ်ခုက မိုဘိုင်းလ် ဖုန်း တွေထုတ်လုပ်တော့မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။

အဲဒီကုမ္မဏီကတော့ အချိုရည်ထုတ်လုပ်ရေး မှာ ထိပ်တန်းဖြစ်နေတဲ့ Pepsi ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Pepsi က ဖုန်းတစ်လုံးကို ကိုယ်တိုင်ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်တဲ့။

ဝက်ဘ်ဆိုက်ပေါင်းများစွာက Pepsi အမှတ်တံဆိပ် ဖုံးအုပ်ထားပြီး ဖြစ်နိုင်ချေရှိတဲ့ စမတ်ဖုန်းရဲ့ Screenshot ဓါတ်ပုံတွေကို ဖော်ပြထားကြပါတယ်။ အဲဒီနောက်မှာတော့ အချိုရည်လောကရဲ့ ဘုရင်ဖြစ်နေတဲ့ Pepsi ကုမ္မဏီက ရှေ့ထွက်လာပြီး ဒီသတင်းကို အတည်ပြုပေးခဲ့ပါတယ်။

"ကျွန်တော်တို့အနေနဲ့ Pepsi ဟာ လိုင်စင်ရပြီးသား စီးပွားရေးလုပ်ဖော်ကိုင်ဖက် ကုမ္မဏီတစ်ခုနဲ့ ပေါင်းပြီး မိုဘိုင်းလ် ဖုန်းတွေနဲ့ အပိုပစ္စည်းတွေကို တရုတ်နိုင်ငံ ဈေးကွက်ထဲကို လာမယ့် လအနည်းငယ်အတွင်းမှာ အရောက်ပို့ပေးသွားမှာပါ" လို့ Pepsi ကုမ္မဏီ ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြု ပြောပြခဲ့ပါတယ်။

Pepsi P1 လို့ မော်ဒယ်လ် နာမည် ပေးထားတဲ့ Pepsi ရဲ့ စမတ်ဖုန်းဟာ Google ရဲ့ Android စနစ်ကို တပ်ဆင်ထားမှာဖြစ်ပြီး ၅.၅ လက်မ ကျယ်ဝန်းတဲ့ HD မျက်နှာပြင်လည်းပါဝင်မှာပါ။ ကင်မရာကတော့ 13 Megapixels ရှိမှာဖြစ်တဲ့အတွက် iPhone 6s ထက်ပင် ကောင်းမွန်နေပါသေးတယ်။ RAM ကတော့ 2GB ပါဝင်တယ်လို့လည်း သိရပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၂၀၀ ပဲ ကျသင့်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ Pepsi P1 စမတ်ဖုန်းကို အောက်တိုဘာ ၂၀ ရက်နေ့ ဘေဂျင်းမြို့မှာ မိတ်ဆက် ပြသသွားမှာဖြစ်တယ်လို့ Pepsi ကုမ္မဏီ က သတင်းထုတ်ပြန်ထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment