နှစ်ပေါင်းများစွာ အငြင်းပွားစရာတစ်ခုအဖြစ် တည်ရှိနေတဲ့ အပစ်အခတ်ဗီဒီယိုဂိမ်းတွေဟာ ဦးနှောက် အတွက် အလွန်ကောင်းမွန်ကြောင်း သုတေသနအသစ်တစ်ခုအရ သိရှိခဲ့ရပါတယ်။
Call of Duty ,Destiny နဲ့ Halo လို အပစ်အခတ်ဂိမ်းမျိုးတွေမှာ အထူးကောင်းမွန်တဲ့အကျိုးသက်ရောက်မှု တွေရှိနိုင်ကြောင်း အဆိုပါလေ့လာမှုမှာ ဖော်ပြခဲ့ပါတယ်။
ဒီဂိမ်းတွေဟာ အခြေအနေအပေါ်မူတည်ပြီး လျှပ်တပြက်မြန်မြန်တုံ့ ပြန်မှုတွေ လုပ်ဆောင်ရတာကြောင့် ပြင်ပလက်တွေ့ ဘ၀ရဲ့အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းနိုင်တဲ့စွမ်းရည်ကိုလည်း တိုးတက်စေပြီး တခြား ဥာဏ်ရည်လေ့ကျင့်ပေးတဲ့ဂိမ်းတွေထက် ဦးနှောက်ရဲ့အလုပ်လုပ်နိုင်စွမ်းအားကို ပိုမြှင့်တင်ပေးနိုင်တယ်လို့  သိရပါတယ်။
ယခုလေ့လာမှုကိုဦးဆောင်ခဲ့တဲ့ Dr Shawn Green က မြင်ကွင်းမှာပေါ်လာလိုက်ပျောက်လာလိုက်နဲ့  လျင်လျင်မြန်မြန်လှုပ်ရှားနေတဲ့ပစ်မှတ်တွေ ပါဝင်တဲ့ ဂိမ်းတွေဟာ အသိအမြင်စွမ်းရည်ကို ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။ ဒီဂိမ်းတွေဟာ အသိအမြင်စွမ်းရည်ကို တိုးတက်အောင်လို့ သီးသန့် ရေးဆွဲထားတဲ့ ဥာဏ်ရည်ဂိမ်းတွေထက် ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။
ဗီဒီယိုဂိမ်းတွေဟာ အသိအမြင်စွမ်းရည်ကိုသာ သက်ရောက်မှုရှိတာမဟုတ်ဘဲ၊ လူမှုဆက်ဆံရေးလိုမျိုး တခြားအပြူအမူပိုင်းဆိုင်ရာ တွေကိုလည်း သက်ရောက်မှုရှိကာ၊ ဒီသက်ရောက်မှုမျိုးကတော့ ဂိမ်းထဲမှာ ပါတဲ့ အကြောင်းအရာတွေအပေါ်မူတည်ပြီး ကောင်းကျိုးရှိနိုင်သလို ဆိုးကျိုးသက်ရောက်မှုလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Mirror
0 comments:
Post a Comment