Powered by Blogger.

Samsung ဖုန်းတွေထည့်ကြည့်လို့ ရမယ့် ၉၉ ဒေါ်လာတန် Virtual Reality headset ကို Oculus နဲ့ Samsung တို့ မိတ်ဆက်




အပြင်မှာ တကယ်မြင်နေရတဲ့အတိုင်း ရုပ်ရှင်၊ဗီဒီယိုနဲ့ ဂိမ်းတွေကို မြင်နိုင်၊ကစားနိုင်မယ့် Virtual Reality နည်းပညာဟာ လူတိုင်းနီးပါး ရရှိနိုင်တော့မှာဖြစ်ပါတယ်။ Oculus နဲ့ Samsung တို့ ဟာ အရင် Oculus ရဲ့ VR headset တွေရဲ့ တန်ဖိုးထက်ဝက်သာရှိပြီး နောက်ဆုံးပေါ်စမတ်ဖုန်းတွေ တပ်ဆင်ကြည့်နိုင်မယ့် headset ကို စတင်မိတ်ဆက်လိုက်ပါတယ်။

အဆိုပါကြေငြာချက်ကို Facebook ပိုင် virtual reality နည်းပညာကုမ္ပဏီ Oculus က  Los Angeles မှာ ပြုလုပ်ခဲ့တဲ့ developer ညီလာခံမှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ VR နည်းပညာအတွက် Facebook ကလည်း ၃၆၀ ဒီဂရီလှည့်ပတ်ကြည့်နိုင်မယ့် ဗီဒီယိုတွေကို support လုပ်ပေးခဲ့ပြီး တခြား အွန်လိုင်းဗီဒီယိုဝန်ဆောင်မှုတွေဖြစ်တဲ့ Netflix နဲ့ Hulu တို့ ကလည်း အဆိုပါ format လိုင်းကို အပြိုင်ဝင်ရောက်နေကြပါတယ်။

လွန်ခဲ့တဲ့နှစ်က Oculus ကို ဒေါ်လာ ၂ ဘီလီယံနဲ့ ဝယ်ယူခဲ့တဲ့ Facebook Inc. ရဲ့ CEO Mark Zuckerberg က  Virtual Reality ဟာ သိပ္ပံစိတ်ကူးယဉ်အိပ်မက်ကနေ နှစ်အနည်းငယ်အတွင်းမှာ တကယ့်အရာတစ်ခု ဖြစ်လာခဲ့ကြောင်း ညီလာခံကို တက်ရောက်လာသူ ၁၅၀၀ ကျော်ကို ပြောကြားခဲ့ပါတယ်။

ယခု Oculus နဲ့ Samsung ပူးတွဲလုပ်ဆောင်ထားတဲ့ Gear VR headset အသစ်ဟာ အရင်မော်ဒယ်ထက် ၂၂ ရာခိုင်နှုန်းပိုမိုပေါ့ပါးပြီး ၉၉ ဒေါ်လာသာ ကျသင့်မှာဖြစ်တယ်လို့  Samsung က ပြောကြားခဲ့ပါတယ်။

နောက်ဆုံးပေါ် Samsung စမတ်ဖုန်း တပ်ဆင်ကြည့်နိုင်မယ့် Gear VR ကို နိုဝင်ဘာလထဲမှာ တင်ပို့ ရောင်းချသွားမှာဖြစ်ပါတယ်။ Galaxy Note 5 ၊ Galaxy S6 Edge+ ၊ S6 နဲ့ S6 Edge ဖုန်းတွေနဲ့  တွဲဖက်သုံးနိုင်မှာဖြစ်ပြီး အဆိုပါဖုန်းတွေက super AMOLED ဖန်သားပြင်ရဲ့ စွမ်းအားနဲ့ virtual reality မြင်ကွင်းတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ ၀တ်ဆင်ရတာသက်တောင့်သက်သာရှိအောင်လို့ လည်း ရော်ဘာရေမြှပ်တစ်ခုအသစ်တစ်မျိုးခံပေးထားတယ်လို့ ဆိုပါတယ်။

ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ၃၆၀ ဒီဂရီဗီဒီယိုတွေကြည့်ခြင်းနဲ့ Gear VR အတွက် လုပ်ထားတဲ့ အစမ်းဖိုင်တွေကို ကြည့်ရှုခံစားရာမှာ ထိန်းချုပ်ရပိုမိုကောင်းမွန်အောင်လို့ Gear VR ရဲ့ touchpad ခလုတ်ကိုလည်း ပြင်ဆင်မွမ်းမံမှုတွေ လုပ်ထားပါတယ်။

“Samsung နဲ့ လက်တွဲပြီး၊ virtual reality နည်းပညာရဲ့ ကန့် သတ်ချက်တွေကို ပြုပြင်ပြောင်းလဲခဲ့ပြီး လက်ရှိမှာ မိုဘိုင်းဖုန်းကနေအကောင်းဆုံးပေးစွမ်းနိုင်တဲ့ VR ခံစားမှုမျိုးကို ကျွန်တော်တို့ အတူ ဖန်တီးနိုင်ခဲ့ပါပြီ” လို့ Oculus ရဲ့ CEO Brendan Iribe က ပြောကြားခဲ့ပါတယ်။

Gear VR နဲ့ လူတွေဟာ 3D ဂိမ်းတွေကို ကစားနိုင်၊ ၃၆၀ဒီဂရီဗီဒီယိုခံစားမှုတွေကို သူငယ်ချင်းနဲ့ ဝေမျှခံစား နိုင်မှာဖြစ်သလို ၊ တကယ့်အစစ်အလားမြင်တွေ့ ရမယ့် ဗီဒီယိုတွေဓာတ်ပုံတွေကြည့်ပြီး ကမ္ဘာ့အနှံ့ ချက်ချင်းသွားရောက်နိုင်မှာဖြစ်ပါတယ်။ ဒါဟာ mobile VR နည်းပညာက လုပ်နိုင်တာရဲ့ အစသာ ဖြစ်သေးတယ်လို့ Brendan Iribe က ဆိုပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment