Powered by Blogger.

အူရီဒူးက အင်တာနက် အစီအစဉ်သစ်တွေ ထပ်မံ မိတ်ဆက်




မကြာသေးမီကမှ ၅၀ ရာခိုင်နှုန်း ငွေဖြည့်အပိုလက်ဆောင် ပရိုးမိုးရှင်းကို သုံးစွဲသူတွေထံ သီတင်းကျွတ် လက်ဆောင် အဖြစ် ပေးခဲ့တဲ့ Ooredoo ကုမ္မဏီ ဟာ အင်တာနက် အစီအစဉ်သစ် တွေကို အောက်တိုဘာ ၉ ရက်နေ့မှာ ထပ်မံ ချပြခဲ့ပြန်ပါတယ်။

အူရီဒူး SIM ကတ်ထည့်သွင်းထားတဲ့ ဖုန်းတွေဟာ အင်တာနက် Package မ၀ယ်ယူထားပါက ဖလန်းဖလန်း အင်တာနက် ကို 1MB ကို ၆ ကျပ် နှုန်းနဲ့ အလိုလျောက်အသုံးပြုနိုင်မှာ ဖြစ်သလို Package တွေဝယ်ယူ အသုံးပြုမယ်ဆိုရင်တော့ နှုန်းထားပိုမို သက်သာ တဲ့ အင်တာနက် အစီအစဉ်တွေကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို အစီအစဉ်တွေကတော့ တစ်နေ့ထဲနဲ့ အကုန်သုံးရမယ့် အစီအစဉ်အဖြစ် 70MB ကို ၃၉၀ ကျပ်သာ ကျသင့်မယ့် အစီအစဉ်တစ်ခုလည်းပါဝင်ပါတယ်။ ထို Package ကို ၀ယ်ယူလိုက်ရင်တော့ ၂၄ နာရီအတွင်း အကုန်သုံးရမှာဖြစ်ပြီး နှုန်းထားကတော့ 1MB ကို ၅.၅ ကျပ်ခန့်သာ ကျသင့်တော့မှာပါ။

တစ်နေ့တာ အရေးပေါ်သုံးခြင်တာမျိုး မဟုတ်ပဲ တစ်လ စာ အတွက် အချိန်ကြာရှည် အသုံးပြုချင်တယ်ဆိုရင်တော့ Package ၄ ခု ရှိပါတယ်။ တစ်ခုကတော့ 550MB ဖြစ်ပြီး ၂၈၀၀ ကျပ် ကျသင့်မှာပါ။ ဒါကြောင့် 1MB ကို ၅.၁ ကျပ်ခန့်သာ ကျသင့်တော့မှာပါ။ 1.35GB အတွက်ဆိုရင်တော့ ၆၅၀၀ ကျပ်ဖြစ်ပြီး 1MB ကို ၄.၉ကျပ်ခန့် ပဲကျသင့်တော့မှာပါ။

2.5GB အတွက်ဆိုရင်တော့ ၁၁၅၀၀ ကျပ်ကျသင့်မှာဖြစ်ပြီး 1MB ကို ၄.၅ ကျပ်ခန့်ပဲ ကျသင့်တော့မှာပါ။ အများဆုံး Package ကတော့ 5.5GB ဖြစ်ပြီး ဈေးနှုန်းက တော့ ၂၅၀၀၀ ကျပ်ဖြစ်ပြီး 1MB ကို ၄.၄ ကျပ်ခန့်ပဲ ကျသင့်တော့မှာပါ။

များများဝယ်ရင် ပိုတန်တဲ့ အစီအစဉ်ဖြစ်နေပေမယ့်လည်း တစ်နေ့တာ အတွက် အဆင်ပြေပြေ သုံးနိုင်မယ့် 550MB အစီအစဉ်လည်း ရှိနေတဲ့အတွက် သုံးစွဲသူတွေ အတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီ Package တွေကို ၀ယ်ယူချင်ရင်တော့ *5002# ကိုခေါ်ယူပြီး (သို့) 2238 ကိုမိမိဝယ်ယူလိုချင်တဲ့ အင်တာနက် ဒေတာ ပမာဏ ကို မက်ဆေ့ဂ်ျ ပို့ပြီးလည်း ၀ယ်ယူနိုင်မှာ ဖြစ်တယ်လို့ အူရီဒူး ကုမ္မဏီက ကြေညာထားပါတယ်။

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment