Powered by Blogger.

Facebook ပို့ စ်တွေမှာ Like အပြင် တခြား Emoji လေးတွေ ပေးနိုင်တော့မည်




ကျွန်တော်တို့ အများစုမျှော်လင့်နေကြတဲ့ dislike ခလုတ်မဟုတ်တော့ပါဘူးတဲ့။ Facebook ဟာ ဒီနေ့ ပဲ အိုင်ယာလန်နဲ့ စပိန်နိုင်ငံတို့ မှာ ‘ Reactions’ ဆိုတဲ့ စွမ်းဆောင်ရည်အသစ်ကို စတင်စမ်းသပ်နေပါပြီ။

ပုံမှန် Like ခလုတ်အပြင်၊ အချစ်သင်္ကေတ၊ ပျော်ရွှင်၊၀မ်းနည်း၊အံ့အားသင့်၊ဒေါသထွက်၊ရယ်မော စတဲ့ နောက်ထပ် Emoji မျက်နှာလေးတွေခြောက်ခုပါဝင်မှာဖြစ်ပါတယ်။

“ ခင်ဗျားတို့ တွေ့ တဲ့အတိုင်းပဲ၊ ဒါက dislike ခလုတ်တော့မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားတို့  တောင်းဆိုထားတဲ့ လိုရင်းအနှစ်သာရကို ဒီ feature အသစ်က ပေးစွမ်းနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါ တယ်” လို့ Facebook ရဲ့ ထုတ်ကုန်အရာရှိမှုး Chrix Cox က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ကစပြီး အိုင်ယာလန်နဲ့ စပိန်တို့ မှာ သာမန် Like ခလုတ်ကို ကြာကြာဖိထားလိုက်တာနဲ့  Facebook ပေါ်တင်ထားတဲ့အကြောင်းအရာတွေကို love ၊ wow ဒါမှမဟုတ် ကြိုက်နှစ်သက်ရာ ခံစားမှုမျိုးကို ပေးနိုင်ပြီ ဖြစ်ကြောင်း Chris Cox က ပြောကြားခဲ့ပါတယ်။

ဒီ feature ကို သုံးဖို့ မိုဘိုင်းဖုန်းတွေကနေဆိုရင် Like ခလုတ်ကို ဖိထားပေးဖို့ လိုပြီး desktop မှာဆိုရင်တော့ မောက်စ်ကို Like နေရာပေါ်က တင်လိုက်ရင် သုံးနိုင်မှာဖြစ်ပါတယ်။ လောလောဆည်တော့ အိုင်ယာလန်နဲ့ စပိန်တို့ မှာပဲ ရပါသေးတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment