Facebook ရဲ့ On This Day လုပ်ဆောင်ချက်မှာ ကိုယ်မပါစေချင်သူတွေကို ဖယ်ရှားနိုင်ပြီ
Mark Zuckerberg ရဲ့ အဖွဲ့ဟာ Facebook မှာခေတ်စားနေတဲ့ On This Day ဆိုတဲ့ လုပ်ဆောင်ချက်မှာ ကိုယ့်ရဲ့ ရည်းစားဟောင်း တွေ မပါဝင်လာအောင် ရွေးချယ်ခွင့်ကို ဖန်တီးပေးလိုက်ပါတယ်။
သင့်ရဲ့ Facebook News Feed မှာ On This Day ဆိုတဲ့ အရင်နှစ်တွေတုန်းက ဒီရက်မှာ သင်ဘာတွေလုပ်ခဲ့လည်းဆိုတာကို ပြန်လည်ဝေမျှ နိုင်မယ့် လုပ်ဆောင်ချက်ကို ဖန်တီးပေးထားပါတယ်။ အဲဒီဝန်ဆောင်မှုဟာ သင့်ကို အရင် အားလပ်ရက် ၊ မွေးနေ့ ၊ လူမှုရေး အခမ်းအနားများနဲ့ ပတ်သက်ပြီး ပြန်လည် ကြည်နူးနိုင်စေရန် သင့်ကို သတိပေးမယ့် လုပ်ဆောင်ချက်ပါ။
ဒါပေမယ့်လည်း အခန့်မသင့်တဲ့အခါ ပြန်လည် အသိပေးတဲ့ ဓါတ်ပုံတွေထဲမှာ သင့်ရဲ့ ရည်းစားဟောင်း နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေ ပါလာတတ်ပါတယ်။ အဆိုးဆုံး ကတော့ လူ့လောကထဲမှာ မရှိတော့တဲ့ မိသားစု ၀င်တွေ သူငယ်ချင်းတွေရဲ့ ဓါတ်ပုံတွေပါပဲ။ ဒါကြောင့် Facebook ဟာ ကိုယ်မလိုချင်တဲ့ လူတွေကို သတ်မှတ်ပြီး သူတို့နဲ့ ပတ်သက်နေတဲ့ အတိတ်က ဓါတ်ပုံတွေကို ပြန်လည် အသိမပေးဖို့ ရွေးချယ်ခွင့်ပေးလိုက်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ -
Facebook ကို Sign in ပြုလုပ်ပြီး On This Day ဆိုတဲ့ စာမျက်နှာကို သွားပါ : Facebook.com/onthisday
"Preferences" ဆိုတဲ့ ညာဘက်အပေါ်ထောင့်က ခလုတ်ကိုနှိပ်ပါ
ပြီးရင် People or Dates ဆိုတဲ့ Filter Box ထဲမှာ Edit ဆိုတာကို ကလစ်လုပ်ပါ
ပြီးရင် သင် အသိမပေးစေလိုတဲ့ လူတွေ (သို့) ရက်စွဲကို ထည့်သွင်းလိုက်ပါ
သုံးစွဲသူတွေအဆင်ပြေအောင် အမျိုးမျိုး ကြိုးစားနေတဲ့ Facebook ဟာ Reactions လို့ခေါ်တဲ့ ခံစားချက်တွေကို Like လိုမျိုး ပေးနိုင်မယ့် စနစ်တစ်ခုကိုလည်း ဖန်တီးရေးဆွဲနေတဲ့အကြောင်း မကြာသေးမီကပဲ ကြေညာထားပါသေးတယ်။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Mirror
0 comments:
Post a Comment