Powered by Blogger.

မိုဘိုင်းအသုံးပြုသူများရဲ့ Facebook ပရိုဖိုင်နေရာမှာ ဗီဒီယိုဖိုင်ကို ထားရှိနိုင်တော့မည်




မိုဘိုင်း Facebook ပရိုဖိုင် စာမျက်နှာတွေအတွက် update ထွက်ရှိလို့လာပါပြီ။ ပိုမိုကောင်းမွန်တဲ့ ပရိုဖိုင်တွေကို ဖမ်းတီးနိုင်ပြီဖြစ်ပြီး privacy settings တွေကိုလည်း အရင်ထက်ပိုပြီး အလွယ်တကူထိန်းချုပ်နိုင်မယ်လို့ သိရပါတယ်။

Facebook ဟာ ကျွန်တော်တို့ရဲ့ ဖုန်းတွေကတဆင့် နှစ်စဉ်ကြော်ငြာခတွေ ကန်ဒေါ်လာ ၁၀ဘီလီယံ အထက်ကို ရရှိနေတာပါ။ ဒါ့ကြောင့် မိုဘိုင်းပရိုဖိုင် သုံးစွဲမှုအတွေ့အကြုံကို မြှင့်တင်ပေးဖို့ Facebook က ရည်ရွယ်ထားရှိခဲ့တာပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ ၁၂ကြိမ်မြောက် ကြော်ငြာရက်သတ္တပတ်မှာ update ထုတ်ပေးခဲ့တာပါ။ ဒီပွဲမှာ Facebookက ကမ္ဘာ့အကြီးမားဆုံး ကြော်ငြာသူတွေနဲ့ ကုမ္ပဏီတွေကို ရေတွက်ပါတယ်။

Features အသစ်တွေအနေနဲ့ကတော့ Profile Picture နေရာမှာအစားထိုးနိုင်မယ့် ဗီဒီယိုထားရှိလို့ရလာတာပါပဲ။ ထပ်တလဲလဲပတ်နေတဲ့ ဗီဒီယိုဖိုင်အသေးလေးတွေကို အသုံးပြုသူတွေက ဖန်တီးထည့်သွင်းလာနိုင်တာပါ။ ဒီ feature ကTwitter ပိုင် video sharing app တစ်ခုဖြစ်တဲ့ Vine နဲ့ အလားသဏ္ဍာန်တူပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုကြာတာနဲ့ နဂိုပုံဟောင်းတွေဆီ ပြန်ပြောင်းဖော်ပြပေးမဲ့ ယာယီ profile picture ကိုလည်း သတ်မှတ်နိုင်ပါသေးတယ်။ ဥပမာအားဖြင့်၊ ရက်သတ္တပတ်တစ်ခုအတွင်း အားကစားအသင်း အတွက် ဒါမှမဟုတ် ပရဟိတလုပ်ငန်းတစ်ရပ်အတွက်ကို အထောက်အပံ့ပေးချင်သူတွေအတွက် အသုံးတည့်မှာပါ။

Privacy settings တွေကို ထိန်းချုပ်တဲ့နည်းလမ်းတွေလဲ ပိုလာပါတယ်။ အသုံးပြုသူတွေဟာ ဘယ်အချက်အလက်ကို public ထားမယ်၊ friends တွေပဲကြည့်လို့ရမယ်၊ သင်ခွင့်ပြုထားတဲ့သူတွေကသာ ပရိုဖိုင်တွေကို ၀င်ကြည့်လို့ရမယ်၊ စသဖြင့်ပေါ့။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref:Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment