Powered by Blogger.

Tesla က အသစ်ထုတ်လုပ်တဲ့ လျှပ်စစ်ကားမှာ အဏုဇီဝ လက်နက်တွေကို ခုခံနိုင်တဲ့ စနစ်ပါဝင်




ကမ္ဘာကြီးကို ဆုံးခန်းတိုင်စေမယ့် ဇီဝဗေဒဆိုင်ရာ ပျက်စီးမှုတွေ ကို ရင်ဆိုင်ရတဲ့အခါ သင့်မှာ ထွက်ပြေးလွတ်မြောက်နိုင်ဖို့အတွက် ကားအကောင်းစားတစ်စီး လိုအပ်ပါလိမ့်မယ်။ အဲဒီလို ထွက်ပြေးလွတ်မြောက်နိုင်မယ့် ကားမျိုးကို ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ Elon Musk က သယ်ဆောင်လာပါပြီ။

ကမ္ဘာကျော် ကားကုမ္မဏီ Tesla ရဲ့ Model X ဆိုတဲ့ လျှပ်စစ်ကားတစ်စီး ကို မိတ်ဆက်ပြသတဲ့ပွဲမှာ Tesla ရဲ့ အမှုဆောင်အရာရှိချုပ် တစ်ယောက်ဖြစ်တဲ့ Elon Musk က ထိုကားရဲ့ ထူးခြားချက်ဟာ အဏုဇီဝ လက်နက်တွေကို ခုခံနိုင်တဲ့ စနစ်ပါဝင်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

"အကယ်၍ ကမ္ဘာကြီးပျက်စီးတဲ့ အကြောင်းတစ်စုံတစ်ရာရှိလာရင် သင်ဟာ Bioweapon defence mode ဆိုတဲ့ ခလုတ် ကို နှိပ်လိုက်ရုံပါပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာပျက်စီးမှု ကာကွယ်ရေး မှာ ဦးဆောင်သူတွေဖြစ်နိုင်အောင် ကြိုးစားနေတာပါ " လို့ ထို ကားသစ်မိတ်ဆက်ပွဲ အခမ်းအနားမှာ Elon Musk က ဆိုပါတယ်။

ထို ခလုတ်ရဲ့ လုပ်ဆောင်ချက်ကတော့ ကားအတွင်းမှာ တည်ဆောက်ထားတဲ့ လေထု စစ်ထုတ်ရေး ကိရိယာကို ပမာဏ တစ်ခုရောက်အောင် လုပ်ဆောင်စေတာပဲ ဖြစ်တဲ့အတွက် ဘက်တီးရီးယားကဲ့သို့ သော ဇီဝ အန္တရာယ်တွေက ၀င်ရောက်ခြင်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

Tesla ကုမ္မဏီ ရဲ့ သတင်းထုတ်ပြန်ချက်အရတော့ ထို လေထု စစ်ထုတ် ကိရိယာဟာ သာမန်ကားတွေမှာ တွေ့ရတာထက် ၁၀ ဆ ပိုမိုကြီးမားတယ်လို့ သိရပါတယ်။ ကုမ္မဏီက အခိုင်အမာဆိုတာကတော့ Model X လျှပ်စစ်ကားဟာ အခြားကားတွေထက် ဘက်တီးရီးယားတွေ စစ်ထုတ်ရာမှာ အဆ ၃၀၀ ပိုမိုကောင်းမွန်ပြီး ၊ လူကို ယားယံစေတဲ့အရာတွေကို အဆ ၅၀၀ ၊ မီးခိုးငွေ့နဲ့ နှင်းမှုန်တွေကို အဆ ၇၀၀ နဲ့ ဗိုင်းရပ်စ် ပိုးတွေကို အဆ ၈၀၀ ပိုမိုကောင်းမွန်စွာ ကာကွယ်စစ်ထုတ်ပေးနိုင်စွမ်းရှိတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment