Powered by Blogger.

လေထုထဲကကြိမ်နှုန်းတွေ အသုံးပြုပြီး ဖုန်းတွေကို ကြိုးမဲ့အားသွင်းပေးနိုင်မယ့် Freevolt နည်းပညာ




မဝေးတော့နဲ့ အနာဂတ်မှာ၊ အိမ်က အားသွင်းတုံးကို လွှင့်ပစ်ပြီး သင့်ရဲ့ဖုန်း၊တက်ဘလက်တွေကို လေထုထဲက စွမ်းအင်နဲ့ အားဖြည့်ပေးနိုင်ပါပြီ။

အင်ဂျင်နီယာပညာရှင်တွေဟာ ရေဒီယိုကြိမ်နှုန်း (RF) စွမ်းအင်ကို သင်ဝတ်ဆင်၊အသုံးပြုနေတဲ့နည်းပညာ ပစ္စည်းတွေကို အားသွင်းနိုင်မယ့် စွမ်းအင် ပြောင်းလဲနိုင်တဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။

Freevolt ဟာ TV၊ Wi-Fi နဲ့ မိုဘိုင်းဆက်သွယ်မှုကွန်ရက်တွေက ထွက်ရှိတဲ့ signal တွေထဲက ကြိမ်နှုန်းကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပြီး မိုဘိုင်းဖုန်းနဲ့ တခြား အသေးစားအီလက်ထရောနစ်ပစ္စည်း တွေက ဒီ လျှပ်စစ်စွမ်းအင်ကို ရယူနိုင်မှာဖြစ်ပါတယ်။

Freevolt ကို လန်ဒန်အခြေစိုက် Drayson Technologies ရဲ့ အကြီးအကဲ Lord Paul Drayson က Imperial College London ရဲ့ အကူအညီနဲ့ အတူ တီထွင်နိုင်ခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီတွေဟာ Wi-Fi ၊ ဆဲလ်ဖုန်းနဲ့ ရုပ်သံထုတ်လွှင့်မှုကွန်ရက်တွေကနေ စွမ်းအင်ထုတ်ယူဖို့ အတွက် နှစ်ပေါင်းများစွာ လေ့လာကြိုးပမ်းနေခဲ့ကြတယ်လို့ Lord Drayson က ဆိုပါတယ်။ ဒါပေမယ့် ဒီလို နည်းလမ်းကနေ ရတဲ့စွမ်းအင်ဟာ ပမာဏအလွန်နည်းပါးပြီး လုံလုံလောက်လောက်သုံးစွဲနိုင်မယ့် စွမ်းအင် အဖြစ် ပြောင်းလဲနိုင်ဖို့ က အခုအချိန်ထိ ပြဿနာတစ်ရပ်အနေနဲ့ ရှိနေတယ်လို့ သူက ဆိုပါတယ်။ Freevolt က တော့ ဒီလို သေးငယ်တဲ့ RF signal ကနေ အသုံးပြုနိုင်တဲ့စွမ်းအင်ကို ထုတ်ယူနိုင်မယ့် နည်းလမ်းကို တွေ့ ရှိပြီးဖြစ်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Freevolt ရဲ့ လုပ်ဆောင်ချက်ဟာ ရေဒီယိုကြိမ်နှုန်းကို အင်တာနာက တဆင့်ဖမ်းယူပြီး စွမ်းအင်ပြောင်းလဲ ပတ်လမ်းကြောင်းထဲ ၀င်ရောက်စေကာ အဆိုပါ ကြိမ်နှုန်းတွေကို DC တိုက်ရိုက်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲပေးတာဖြစ်ပါတယ်။ ထို့ နောက်မှာတော့ DC လျှပ်စီးကြောင်းကို ပါဝါထိန်းချုပ်မော်ဂျူးထဲ မှာ ဗို့ အားကို ထပ်မြှင့်တင်ကာ ဘက်ထရီဖြည့်တဲ့နေရာမှာသုံးနိုင်မယ့် ဗို့ အားအဖြစ် ပြောင်းလဲပေးတာ ဖြစ်ပါတယ်။

ဒီနည်းပညာကို wearable ပစ္စည်းတွေ၊ အာရုံခံကိရိယာတွေ၊ လေကြောင်းထိန်းသိမ်းရေး ရေဒီယို အချက်ပြစက်တွေမှာ တပ်ဆင်နိုင်မှာဖြစ်သလို၊ ကြီးမားတဲ့ အဆောက်အဦးတွေမှာလည်း တပ်ဆင်အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယခုနည်းပညာအသုံးပြုထားတဲ့ ပထမဆုံးဈေးကွက်ဝင်ပစ္စည်းကတော့ CleanSpace Tag လေထု ညစ်ညမ်းမှုတိုင်းတာစက်ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို အသုံးပြုထားတဲ့ CleanSpace Tag sensor ဟာ အားသွင်းဖို့ ဘယ်တော့မှမလိုဘူးလို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment