Powered by Blogger.

Google Play Games ကို update လုပ်၍ ဂိမ်းတွေကို Record လုပ်နိုင်ပြီ




Google က သူ့ရဲ့ Google Play Games app ဗားရှင်းသစ်ကို ဒီနေ့ ထုတ်လိုက်ပါပြီ။ ဒီ update ရရင် ဂိမ်းကစားပွဲတွေကို ဗီဒီယိုမှတ်တမ်းတင်ပြီး အွန်လိုင်းမှာ upload လုပ်ကာ share နိုင်ပြီဖြစ်ပါတယ်။

ကိုယ်ဘယ်လောက် ကြိုးစားထားတယ်၊ ကိုယ့်ဂိမ်းရလဒ်က အရမ်းကောင်းနေတယ်ဆိုရင် ဗီဒီယိုမှတ်တမ်းတင် share ပြီး သူငယ်ချင်း အချင်းချင်း ကြွားလို့ရပါပြီ။

ဒါကတော့ Google က YouTube နဲ့ချိတ်ဆက်လုပ်ဆောင်မှု တစ်ရပ်ပါပဲ။ Livestream လုပ်ပြီး တိုက်ရိုက်တောင် ပြနိုင်ပါသေးတယ်။ YouTube တော့ ဗီဒီယိုဖိုင်တွေ ပိုများလာမှာ မြင်ယောက်ပါသေးတယ်။

ဒီ update က ဂိမ်းသမားတွေအတွက် ပရိသတ်တွေ တိုးလာစေမှာပါ။ Tools တွေကလည်း သုံးရတာ လွယ်ကူလွန်းပါတယ်။ ဒီ Recording ကို အနာဂတ်မှာ feature သစ်တွေနဲ့ တိုးတက်အောင်လုပ်သွားဖို့ အတွက်လည်း Google မှာအလားအလာတွေ အများကြီးရှိပါတယ်။ လူတိုင်း ဗီဒီယိုမှတ်တမ်းတွေတင်ပြီး share ကြမှာ သေချာပါတယ်။

“Google Play မှာ Active user ပေါင်း သန်းထောင်ပေါင်း ၃၀ကျော် ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ နံပါတ် သက်သက် မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ ဂိမ်းကစားသူတွေလဲ ရှိပါသေးတယ်။” လို့ Google Play Games ရဲ့ ထုတ်ကုန်မန်နေဂျာ Ducan Curtis က GamesBeat ကိုပြောသွားပါတယ်။

Android အသုံးပြုသူတွေအားလုံးရဲ့ ၄ ပုံ ၃ ပုံဟာ ဂိမ်းကစားကြတယ်လို့ Curtis ကထောက်ပြသွားပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: GamesBeat
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment