Powered by Blogger.

iPhone 6S ကို ချိန်ခွင်အဖြစ်လည်း အသုံးပြုနိုင်




ဖုန်းတွေက တဖြည်းဖြည်းနဲ့ နေ့စဉ်သုံးပစ္စည်းတွေတော်တော်များများ နေရာမှာ အစားထိုး ဝင်ရောက်နေပါတယ်။ အခု နောက်ဆုံးပေါ် အိမ်သုံပစ္စည်းကတော့ ချိန်ခွင်ပါပဲ။

Huawei က သူ့ဖုန်းရဲ့ ဖိအားတိုင်း မျက်နှာပြင်ကြောင့် အလေးချိန်နည်းတဲ့ ပစ္စည်းတွေကို အလေး ချိန်နိုင်တာကို ချပြခဲ့ပါတယ်။ ခုလည်း iPhone 6S မှာ အလေး ချိန်နိုင်ဖို့ကို App တစ်ခုက လုပ်ဆောင်ဖို့ ကတိပြုခဲ့ပါတယ်။

Gravity လို့ခေါ်တဲ့ ဒီ App ဟာ iPhone 6Sရဲ့ 3D Touch နည်းပညာကို သုံးပြီး ဖုန်းရဲ့ မျက်နှာပြင်ကို ချိန်ခွင် အဖြစ် ပြောင်းလဲပေးမှာပါ။ ဒါပေမဲ့ Apple ကတော့ ဒီ App ရဲ့ ပရိသတ်တစ်ယောက် မဟုတ်ခဲ့ပါဘူး။ Apple ရဲ့ Store ကနေ ပယ်ဖျက်လိုက်ပါတယ်။

Gravity App ကို ကယ်လီဖိုးနီးယား အခြေစိုက် ဒီဇိုင်း အင်ဂျင်နီယာ Ryan McLeod က ဖန်တီးခဲ့တာပါ။ ၀.၈၁ပေါင်ထိ ရှိတဲ့ ပစ္စည်းတွေကို တင်ပြီး အလေး ချိန်နိုင်တယ်လို့ သိရပါတယ်။

( Jack )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment