Powered by Blogger.

Google ရဲ့ Play Store ကို ဒီဇိုင်းပြန်လည်ရေးဆွဲမှု ပြီးစီး




ပြီးခဲ့တဲ့ အပတ်ကပဲ Google ရဲ့ အင်ဂျင်နီယာ ဖြစ်သူ Kirill Grouchnikov ကပြန်လည်ပြုပြင်အပြီး မှာတော့ Google ရဲ့ ဒီဇိုင်းပြန်လည် ရေးဆွဲထားတဲ့ Play Store ဟာ အချို့သော Android ကိရိယာတွေမှာ စတင်အသုံးပြုလို့ရနေပါပြီ။

Android Central ကပြောကြားခဲ့တာကတော့ app တွေရောင်းချတဲ့ မိုဘိုင်းလ် စတိုး အသစ်ဟာ ရိုးရှင်းတဲ့ Tab အခြေခံ အသွင်အပြင်ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

အကယ်၍ သင်ဟာ သင့်ရဲ့ ဖုန်းမှာရှိတဲ့ Play Store ကို ကြည့်လိုက်တဲ့အခါမှာ ဘာမှ မပြောင်းလဲသေးတာကြောင့်လည်း စိတ်မပျက်လိုက်ပါနဲ့။ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ မရသေးတဲ့လူတွေအများကြီးရှိနေပါသေးတယ်။

ဒါပေမယ့်လည်း မကြာခင်မှာ အားလုံး အသုံးပြုလို့ရနိုင်တော့မှာ ဖြစ်တယ်လို့ Google က ကြေညာထားပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment