Powered by Blogger.

Microsoft ရဲ့ ဖုန်းရောင်းအား ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွား




၂၀၁၅ ခုနှစ် ရဲ့ ပထမ ၄ လ မှာ ထုတ်ကုန်အားလုံး ရောင်းအားကောင်းခဲ့တဲ့ Microsoft ဟာ အခုတော့ မိုဘိုင်းလ် ဘက်အခြမ်းမှာ အထိနာ လာပါပြီ။

ပြီးခဲ့တဲ့ လတုန်းက Microsoft ရဲ့ ဖုန်း ရောင်းအားဟာ ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ကုမ္မဏီ ရဲ့ ၀င်ငွေ အစီရင်ခံစာထဲမှာတော့ သူတို့ရဲ့ ပြောင်းလဲလိုက်တဲ့ နည်းဗျူဟာ ရဲ့ သက်ရောက်မှု ပဲ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

အကြောင်းအရင်းကတော့ ရိုးရှင်းပါတယ်။ Microsoft ဟာ အခြေခံအားဖြင့် ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း လုံလောက်တဲ့ ဖုန်းအရေအတွက် ကို ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။ သူတို့ ကုမ္မဏီ ရဲ့ အရည်အသွေးမြင့် Windows 10 စနစ်သုံး စမတ်ဖုန်းတွေဖြစ်တဲ့ Lumia 950 နဲ့ 950 XL တို့ကိုလည်း ဒီလထဲမှာမှ စတင်မိတ်ဆက်ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၁၅ ရဲ့ ၃ ပုံ ၂ ပုံ ကာလတစ်ခုလုံးမှာ Microsoft အနေနဲ့ ရောင်းချစရာ စမတ်ဖုန်းဆိုလို့ ဈေးနှုန်းအသင့်အတင့် နဲ့ အရည်အသွေးသိပ်မကောင်းတဲ့ ဖုန်းတွေသာ ရှိခဲ့တာဖြစ်ပါတယ်။

အခုတော့ ၂၀၁၅ ရဲ့ ကျန်တဲ့ ၃ ပုံ ၁ ပုံ ကာလမှာတော့ Lumia 950 နဲ့ 950 XL တို့ကို ဘယ်လောက်ထိ စံချိန်တင်ရောင်းချနိုင်မယ်ဆိုတာကို ဆက်လက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment