Powered by Blogger.

နာရီပိုင်ရှင်ကလေးငယ်ကို ဘယ်နေရာရောက်နေတယ်ဆိုတာ ခြေရာခံပေးမယ့် Moochies ကလေးပတ် စမတ်နာရီ




ဗြိတိန် နိုင်ငံကနေ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ကလေးဝတ် လက်ပတ်နာရီ တစ်မျိုးကတော့ နာရီပတ်ထားတဲ့ကလေးကို ကမ္ဘာပေါ်က ဘယ်နေရာကို ရောက်နေလည်းဆိုတာ ခြေရာခံနိုင်မယ်လို့ သိရပြီး ခရစ်စမတ် ကာလ မှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Spy Kids လို့ ခေါ်တဲ့ ထို Gadget ဟာ ကလေးတွေကို နာရီမျက်နှာပြင်အား လျှို့ဝှက် စုံထောက်တစ်ယောက် သဖွယ် စကားပြောနိုင်စေမှာ ဖြစ်ပြီး အကူအညီ လိုရင် တောင်းခံနိုင်တဲ့ SOS ခလုတ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

စတာလင်ပေါင်၇၉ ပေါင် တန်ဖိုး ရှိတဲ့ ထို လက်ပတ်နာရီလေးဟာ သူတို့ကို သတ်မှတ်ပေးထားတဲ့နေရာ ပြင်ပကို ရောက်သွားတဲ့အခါ မိဘတွေကို အချက်ပေးသွားမှာ ဖြစ်ပြီး ကလေးတွေ လမ်းပျောက်တဲ့အခါမျိုးမှာ အကူအညီ လှမ်းတောင်းနိုင်တဲ့ SOS ခလုပ်ကိုလည်းထည့်သွင်း ပေး ထားတာဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ ဖုန်း နံပါတ် အလုံး ၂၀ ကိုလည်း ထိုနာရီနဲ့ အလွယ်တကူ ခေါ်ယူနိုင်အောင် ကြိုတင် သတ်မှတ်ပေးနိုင်တယ်လို့ သိရပါတယ်။

ထို လက်ပတ်နာရီကို ခြေရာခံဖို့အတွက်တော့ GPS စနစ်ပါဝင်တဲ့ စမတ်ဖုန်းတိုင်းနဲ့ ခြေရာခံနိုင်ပြီး ထို စမတ်ဖုန်းထဲမှာတော့ Moochies ဆိုတဲ့ အခမဲ့ ရယူနိုင်မယ့် App တစ်ခုကို ထည့်သွင်းထားဖို့ လိုပါလိမ့်မယ်။

ထို Moochies ဆိုတဲ့ ကလေးပတ် စမတ်နာရီကိုတော့ Durham တက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ Adrian Lisle နဲ့ Ryan O'Neill တို့က တီထွင်ထားတာ ဖြစ်ပါတယ်။

ထို SIM ကတ်ထည့်သွင်းပြီး အသုံးပြုရမယ့် စမတ်နာရီ Moochies အမှတ်တံဆိပ် Spy Kids လက်ပတ်နာရီ ဟာ ပန်းရောင် ၊ အပြာရောင် ၊ အနက်ရောင်နဲ့ လိမ္မော်ရောင်တွေအဖြစ်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပြီး Apple ဖြစ်စေ ၊ Android ဖြစ်စေ မည်သည့် စမတ်ဖုန်းတွေနဲ့ မဆို ချိတ်ဆက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment