Powered by Blogger.

လမ်းလျှောက်နိုင်၊စကားပြောနိုင်ပြီး၊ပရိုဂျက်တာအဖြစ်ပါသုံးနိုင်မယ့် Sharp ရဲ့ ချစ်စရာစက်ရုပ်စမတ်ဖုန်း




ဂျပန်အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ Sharp ရဲ့ နောက်ဆုံးတီထွင်မှုတစ်ခုဖြစ်တဲ့ RoBoHon စက်ရုပ်လေးဟာ လမ်းလျှောက်နိုင်၊ စကားပြောနိုင်ပြီး သီချင်းဖွင့်ထားမယ်ဆိုရင် ကခုန်မှုပါလုပ်နိုင်ပါတယ်။ RoBoHon ဟာ သာမန်စက်ရုပ်တစ်ရုပ်မဟုတ်ဘဲ 3G နဲ့ LTE သုံးနိုင်တဲ့ Android စက်ရုပ်တစ်ရုပ်ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှု နဲ့ လက်ခံမှုတွေလုပ်နိုင်ပြီး နဂိုအခြေအနေမှာဆိုရင် ဖုန်းခေါ်ဆိုမှုတွေကို စပီကာဖုန်းပုံစံနဲ့ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ဒီထက်ထူးခြားတာက ဖုန်းပြောနေစဉ်မှာ တစ်ဖက်လူနဲ့ ဖုန်းပြောနေတယ်လို့ မထင်ရဘဲ စက်ရုပ်က ပြောနေတဲ့အတိုင်း စကားပြောနေရင်းနဲ့ စိတ်ခံစားမှုပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်နေမှာ ဖြစ်ပါတယ်။

တကယ်လို့ ဘယ်သူမှမကြားအောင် အေးအေးဆေးဆေးပြောချင်တယ်ဆိုရင် လည်း စက်ရုပ်ကို ကောက်ကိုင်လိုက်တာနဲ့ သင့်နားထဲကို လေသံတိုးတိုးလေးနဲ့ ပြောသွားပေးမှာ ဖြစ်ပါတယ်။

RoBoHon စက်ရုပ်ရဲ့နောက်ကျောမှာ touchscreen တစ်ခုပါရှိပြီး အဆိုပါ စခရင်ကနေ စက်ရုပ်မှာ ပါဝင်တဲ့ အသုံးဝင်မှုအမျိုးမျိုးကို သုံးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အသံနဲ့ စေခိုင်းရုံနဲ့ တင် လုပ်ငန်းအများစုကို စက်ရုပ်က ဆောင်ရွက်နိုင်ပါတယ်။ စက်ရုပ်မျက်လုံးနှစ်လုံးကြားမှာထည့်ထားတဲ့ ကင်မရာကနေ  ဓာတ်ပုံတွေကို ရိုက်ကူးခိုင်းနိုင်ပြီး ပရောဂျက်တာအသေးစားတစ်ခုကို နဖူးနေရာမှာ ထည့်သွင်းထားတာ ကြောင့် နံရံတွေမှာ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ထိုးပြပေးနိုင်မှာဖြစ်ပါတယ်။

RoBoHon စက်ရုပ်ဟာ ၂၀၁၆ ခုနှစ်အတွင်းမှာ ဈေးကွက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Cnet

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment