Powered by Blogger.

Microsoft က Surface Pro 4 ၊ Lumia စမတ်ဖုန်း ၃ လုံး နဲ့ Microsoft Band 2 တို့ကို မိတ်ဆက်


Surface Pro 4


ကမ္ဘာ့ထိပ်တန်း နည်းပညာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ Microsoft ဟာ ကုန်ပစ္စည်းအသစ်တွေဖြစ်တဲ့ Lumia စမတ်ဖုန်းများ ၊ Surface Pro တတ်ဘလတ် အသစ် နဲ့ Microsoft Band ဆိုတဲ့ ၀တ်ဆင်ရတဲ့ Fitness Tracker အသစ်တို့ကိုမိတ်ဆက်ပြသခဲ့ပါတယ်။ ထို ကုန်ပစ္စည်းအသစ်တွေအားလုံးဟာ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Windows 10 ကို ထည့်သွင်းထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ထွက်ရှိခဲ့တဲ့ Windows 10 ဟာ လက်ရှိမှာ ကိရိယာပေါင်း သန်း ၁၁၀ မှာ လုပ်ဆောင်နေပြီဖြစ်တယ်လို့လည်း Microsoft က ဆိုထားပါတယ်။

အခု အသစ်ထွက်ရှိတဲ့ Surface Pro 4 ကတော့ Apple ရဲ့ MacBook Air ထက် ၅၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်တယ်လို့ Microsoft ကုမ္မဏီရဲ့ Surface Computing ဌာနရဲ့ တွဲဖက် ဒု-ဥက္ကဋ္ဌ ဖြစ်သူ Panos Panay က ထို ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် Microsoft က အတည်ပြုပေးလိုက်တာကတော့ အခုထုတ်လုပ်တဲ့ တတ်ဘလတ် အသစ် နဲ့ စမတ်ဖုန်းအသစ်တွေမှာ ဒီနှစ်အစောပိုင်းက မိတ်ဆက်ထားတဲ့ အလိုလျောက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ Sign-in ပြုလုပ်ပေးမယ့် ရွေးချယ်မှု တစ်ခုဖြစ်တဲ့ Windows Hello ကို ထည့်သွင်းပေးထားတယ် ဆိုတာပါပဲ။

နယူးယော့ခ်မှာ ပြုလုပ်ခဲ့တဲ့ Microsoft ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာတော့ စမတ်ဖုန်းအသစ် ၃ မျိုးကိုလည်း မိတ်ဆက်ပြသခဲ့ပါတယ်။ Lumia 950 နဲ့ 950XL တို့ကတော့ ဒေါ်လာ ၅၄၉ နဲ့ ၆၄၉ ဒေါ်လာ အသီးသီးကျသင့်မှာဖြစ်ပြီး နိုဝင်ဘာလမှာ ဖြန့်ချီမယ်လို့လည်းသိရပါတယ်။ Lumia 950 မှာတော့ ၅.၂ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ Hexacore Processor ပါဝင်ပြီး Lumia 950XL မှာတော့ ၅.၇ လက်မ ကျယ်ဝန်းပြီး Octacore Processor ပါဝင်နေပါတယ်။ နောက်ထပ် စမတ်ဖုန်းကတော့ ဒီဇင်ဘာမှာ ထုတ်လုပ်မယ့် Lumia 550 ဖြစ်ပြီး ဈေးနှုန်းကတော့ ၁၃၉ ဒေါ်လာ သာ ကျသင့်မှာပါ။ Lumia 550 ရဲ့ ပါဝင်ပစ္စည်းတွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။

Surface Pro 4 တတ်ဘလတ် ကတော့ Surface Pro 3 ထက် ပိုမိုကြီးမားပြီး ပိုမိုပါးလွှား ကာ ပိုမို ပေါ့ပါးသွားတဲ့ ဗားရှင်းတစ်မျိုးပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၈၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Surface Pro 4 မှာတော့ ၁၂.၃ လက်မ ကျယ်ဝန်းတဲ့ မျက်နှာပြင်နဲ့ ၆ခုမြောက်မျိုးဆက် Intel Core Processor ကို သုံးထားပြီး 16GB ရှိတဲ့ RAM နဲ့ 1TBB ရှိတဲ့ သိုလှောင်ပမာဏ တွေကို ထည့်သွင်းပေးထားပါတယ်။

ဒါ့အပြင် Microsoft ဟာ ဘက်ထရီသက်တမ်း နှစ်နဲ့ချီ အသုံးပြုနိုင်မယ့် Surface Pen ကိုလည်း မိတ်ဆက်ခဲ့ပါသေးတယ်။ Lumia 950 နဲ့ 950XL တို့မှာတော့ 20 MP ရှိတဲ့အနောက်ကင်မရာ ၊ 32 GB သိုလှောင်ပမာဏ ၊ 4K ကြည်လင်ပြတ်သားမှု ဗီဒီယို နဲ့ Liquid Cooling နည်းပညာ ကို အသုံးပြုထားပါတယ်။ Microsoft ရဲ့ ပြောကြားချက်အရာတော့ ထို ဖုန်းတွေဟာ SD ကတ် ထပ်မံ ထည့်သွင်းပြီး သိုလှောင်ပမာဏ ကို 2TB အထိ တိုးချဲ့နိုင်ပါတယ်တဲ့။

Microsoft Band 2 ကတော့ ဈေးနှုန်းအားဖြင့် ၂၄၉ ဒေါ်လာ ကျသင့်ပြီး အောက်တိုဘာ ၃၀ ရက်မှာ ဖြန့်ချီမှာပါ။

Lumia 950 နဲ့ 950XL


( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment