Powered by Blogger.

တရုတ်နိုင်ငံ စမတ်ဖုန်းဈေးကွက်မှာ Xiaomi ကို Huawei ပထမဆုံးအကြိမ်ကျော်




စမတ်ဖုန်းတွေအပြင် Networking ပစ္စည်းတွေရောင်းတဲ့ တရုတ်ကုမ္ပဏီဖြစ်တဲ့ Huawei ဟာ တရုတ်နိုင်ငံမှာ စမတ်ဖုန်းရောင်းအား အကောင်းဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တတိယမြောက် သုံးလပတ်အတွင်းက ဖြစ်ခဲ့တာဖြစ်ပြီး Xiaomi ကိုကျော်သွားတာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

နှစ်အလိုက်ရောင်းအားမှာ Huawei က  Xiaomi  ကိုတောင် ကျော်လွန်ပြီး ရောင်းအားဟာ ရုတ်တရက် ၈၁ ရာခိုင်နှုန်း ထိုးတက်သွားခဲ့တာပဲဖြစ်တယ် လို့ Canalys သုတေသန ကုမ္ပဏီရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Canalys သုတေသန ကုမ္ပဏီက ၂၀၁၅ခုနှစ် တတိယ သုံးလပတ်မှာ Huawei ရဲ့ ရောင်းအားကောင်းမှုကိုပဲ ဖော်ပြခဲ့တဲ့အတွက် Apple, Samsung နဲ့ တခြားဖုန်းတွေက ဘယ်အဆင့်မှာ ရပ်တည်ခဲ့တယ်ဆိုတာ မသိရပါဘူး။ Canalys က Huawei ရဲ့ ရောင်းအားကို Xiaomi နဲ့ပဲ ယှဉ်ပြခဲ့တာပါ။

Xiaomi အနေနဲ့ သူ့ရဲ့အိမ်ကွင်းဖြစ်တဲ့ တရုတ်နိုင်ငံမှာ လှည့်ကွက်လုပ်ခဲ့တဲ့ အချိန်လဲ ဖြစ်နိုင်ပါတယ်။ Samsung ကို၂၀၁၄ခုနှစ် တရုတ်နိုင်ငံရဲ့ ရောင်းအားအကောင်းဆုံး ဖုန်း ဖြစ်လာစေဖို့ Xiaomi အနေနဲ့ ကူညီခဲ့တာလဲ ဖြစ်နိုင်တယ်လို့ Canalys သုတေသနကုမ္ပဏီက ယုံကြည်ထားပါတယ်။

Xiaomi ဟာ ၂၀၁၄ခုနှစ်မှာ တရုတ်နိုင်ငံအတွင်း ဖုန်းအလုံး ၆၁ သန်းကို ရောင်းချခဲ့ရပြီး ဒီနှစ်အတွက် သန်း ၈၀ ရောက်ချရဖို့ မျှော်မှန်းထားကြောင်းနဲ့ မျှော်မှန်းချက်ကို ရောက်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။ ဒါတောင်မှ နဂိုက သန်း ၁၀၀ ရောင်းဖို့ မျှော်မှန်းချက်ကို လျှော့ခဲ့တာပါ။

စမ်းစစ်ချက်တွေအရ Xiaomi ဖုန်းဟာ အကျဘက်ကိုရောက်နေတယ်လို့ Xiaomi ကနေ TechCruch ကိုပြောပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: TechCruch 
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment