Powered by Blogger.

လမ်းကြမ်းရှောင်ရန် စက်ရုပ်ကို ဒရုန်းနှင့်တွဲဖက် အသုံးပြု




အဆင့်မြင့် ကာကွယ်ရေးသုတေသန စီမံကိန်းအေဂျင်စီ (DARPA) ကဖန်တီးထားတဲ့ Big Dog စက်ရုပ်ဟာ ခြေလှမ်းတွေ အရမ်းတိကျတယ်လို့ ဆိုနိုင်ပါတယ်။ ဒါတောင်မှ သူမထိန်းချုပ်နိုင်သေးတဲ့ မြေနေရာအနေအထားတွေ ရှိနေပါသေးတယ်။

ဒါကြောင့် လမ်းကြမ်းတွေမှာ သူတို့ရဲ့ စက်ရုပ်တွေ ဘယ်တော့မှ ကျမရှုံးသွားစေဖို့ရာ ရည်ရွယ်ပြီး ETH Zurich ရဲ့ Autonomous Systems Lab ကနေ နည်းလမ်းတစ်ရပ်ကို ထုတ်ခဲ့ပါတယ်။ စက်ရုပ်ရှေ့ကနေ မောင်းသူမဲ့လေယာဉ်ကို လွှတ်ပြီး မြေအနေအထားကို အတိအကျ Scan ဖတ်ခိုင်းတာပဲဖြစ်ပါတယ်။ ဒီနည်းလမ်းက တော်တော်လေးကို အသုံးတည့်ပါတယ်။

ဒီစက် နှစ်မျိုးကို တွဲသုံးတာဟာ သွားရမယ့်မြေပုံကို တစ်ခုနဲ့တစ်ခု ပေးပို့ပေးနိုင်ပြီး အဆင်ပြေတဲ့ လမ်းကြောင်းကို ရွေးချယ်သွားနိုင်စေပါတယ်။ မောင်းသူမဲ့လေယာဉ်ဟာ ရှေ့ကကြိုသွားပြီး ဒေသတစ်ဝိုက်ရဲ့ နှိုင်းရ မျက်နှာပြင် အမြင့်တွေပါတဲ့ မြေပုံ အကြမ်းဖျင်းကို ထုတ်ပေးပါတယ်။ အဲ့ဒီ့ဒေတာကို လမ်းလျှောက်စက်ရုပ်နဲ့ ဝေမျှပြီး ဘယ်လမ်းကြောင်းက သွားသင့်တယ်ဆိုတာကို တွက်ထုတ်နိုင်ပါတယ်။

လမ်းလျှောက်စက်ရုပ်ကလည်း သူ့ခြေလှမ်းတွေ သေချာနေစေဖို့အတွက်ကို လေဆာသုံး အတိုင်းအတာရှာဖွေစက်နဲ့ သွားတဲ့လမ်းတစ်လျှောက်မှာ မျက်နှာပြင်အမြင့် မြေပုံကို အချိန်နှင့်အမျှ update လုပ်နေမှာပါ။

စက်ရုပ်နှင့် အလိုအလျောက်စနစ်ဆိုင်ရာ ၂၀၁၆ခုနှစ် IEEE နိုင်ငံတကာ အစည်းအဝေးမှာ “ပျံသန်းယာဉ်နှင့် လမ်းလျှောက်စက်ရုပ်များ ပူးတွဲ လမ်းကြောင်းပြစနစ်” ကို ချပြသွားမယ်လို့ သိရပါတယ်။


( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment