Powered by Blogger.

အူရီဒူးက အွန်လိုင်းဈေးဝယ်မှုအတွက် တစ်လကို အင်တာနက်ဒေတာ 100MB အခမဲ့ပေးမည်




မြန်မာနိုင်ငံ အခြေစိုက် ဆက်သွယ်ရေး အော်ပရေတာ ကုမ္မဏီ တစ်ခုဖြစ်တဲ့ အူရီဒူး(Ooredoo) ဟာ နိုင်ဝင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်မယ့် အကြီးကျယ်ဆုံး အွန်လိုင်းဈေးရောင်းပွဲတော်နေ့ Black Friday အတွက် အွန်လိုင်းကနေ အဆင်ပြေလွယ်ကူစွာ ဈေးဝယ်နိုင်မယ့် အစီအစဉ်တစ်ခု အူရီဒူး ဖုန်း သုံစွဲသူတွေထံ ပေးအပ်ခဲ့ပြန်ပါတယ်။

Black Friday နေ့မတိုင်မီ နိုဝင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး ၂၀၁၆ ခုနှစ် မေလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ အွန်လိုင်းဈေးဝယ် ၀က်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Shop.com.mm ကို အင်တာနက် ကုန်ကျစရိတ်ပေးစရာမလိုပဲ အခမဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

ထို အချိန်ကာလအတွငှ်းအူရီဒူး SIM ကတ်သုံးစွဲသူတွေအနေနဲ့ Shop.com.mm ၀က်ဘ်ဆိုက်တစ်ခုတည်းကို ကြည့်ဖို့အတွက် တစ်လကို အင်တာနက်ဒေတာ 100MB အခမဲ့ ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

"Black Friday နေ့ကို စောင့်မျှော်နေတာဗျာ။အဲဒီနေ့ကျရင်လျှော့ဈေးတွေရှိမှာဆိုတော့ အွန်လိုင်းကနေ အေးအေးဆေးဆေးဈေးဝယ်ရုံပဲလေ။ အူရီဒူးက Shop.com.mm ကို ၀င်ကြည့်ဖို့ တစ်လကို 100MB ပေးတဲ့အတွက် ပိုတောင်ကောင်းသွားပါတယ်။ Black Friday ပြီးသွားပေမယ့်လည်း နောက်ပိုင်း အွန်လိုင်းမှာပဲ ဈေးဝယ်ဖို့အတွက် အင်တာနက်ဖိုး မကုန်တော့ဘူးပေါ့" လို့ အူရီဒူး ဆင်းမ်ကတ် သုံးစွဲသူ လူငယ်တစ်ဦးက ဆိုပါတယ်။

အူရီဒူး ကုမ္မဏီက သုံးစွဲသူတွေကို အွန်လိုင်း ယဉ်ကျေးမှု တစ်ခုနဲ့ ပိုမိုနီးစပ်လာအောင် ဖန်တီးပေးနေခဲ့တာပါ။ အခုလို Shop.com.mm နဲ့ ပူးပေါင်းမှု မတိုင်ခင်တုန်းကလည်း အူရီဒူး ဆင်းမ်ကတ်ကို မသုံးစွဲတာ ကြာသွားတဲ့ သုံးစွဲသူတွေအတွက် ဖုန်းပြန်ဖွင့်လိုက်တာနဲ့ အင်တာနက် 500MB (သို့) ဖုန်းခေါ်ဆိုခဘေလ် ၅၀၀ ကို အခမဲ့ ပေးအပ်ခဲ့ပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment