Powered by Blogger.

ညကိုမနက် ပြောင်းပေးမဲ့ အရမ်းလင်းသော 90000-lumen LED ဓာတ်မီး



လူတွေဟာ ဘယ်လိုစူပါပါဝါမျိုးကို လိုချင်လဲမေးရင်၊ မိုးပေါ်ပျံမယ်၊ ကိုယ်ဖျောက်မယ်၊ ခွန်အားကြီးချင်တယ် ဆိုတာတွေပဲပြောပါတယ်။ ညဘက်ကို မနက်ဘက်ပြောင်းနိုင်တဲ့ ပါဝါမျိုး ရမယ်ဆိုရင်ရော။ အဲ့ဒါမျိုးဆိုရင်တော့ တော်တော်လေးမိုက်မှာပါ။

ညကိုမနက်ပြောင်းဖို့အတွက် ရေဒီယိုသတ္တုကြွ ပင့်ကူမျိုး၊ နေရဲ့ပါဝါကို ထိန်းချုပ်နိုင်ဖို့အတွက် တခြားဂြိုဟ်က လာတာမျိုးတွေ မလိုအပ်ပါဘူး။ လူတစ်ယောက်ဟာ 'ကမ္ဘာ့အလင်းဆုံး ဓာတ်မီး' လို့ခေါ်တဲ့ အရာတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ဒီလို အိမ်တွင်းဖြစ်ဓာတ်မီး တီထွင်မှုဟာ ပုံမှန် ဓာတ်မီးတွေနဲ့မတူပါဘူး။ Rctestflight လို့ခေါ်တဲ့ ဒီဓာတ်မီးမှာ 10100-Watt LED ချစ်ပ်တွေနဲ့ ချိတ်ဆက်ထားပါတယ်။ အပူဒဏ်ခံနိုင်ဖို့အတွက်ကိုလည်း တစ်ခုချင်းစီမှာ heat sink တွေပါရှိပါတယ်။ မီးလုံးတွေအားလုံးကို အလူမီနီယံဘားတစ်ခုတည်းနဲ့ စည်းထားပါတယ်။ ဘက်ထရီပါဝါပေးထားတဲ့ ဒီဘားတွေကို လက်ကိုင်အဖြစ် သုံးနိုင်တဲ့အတွက် အလွယ်တကူ သယ်ဆောင်သွားလို့ရပါတယ်။

တောက်ပလွန်းတဲ့အလင်းရောင်ဟာ ဘက်ထရီအရမ်းစားတဲ့အတွက် ၁၀မိနစ်ပဲ မီးထိုးနိုင်ပါတယ်။  စုစုပေါင်းအလေးချိန်ကတော့ ၁၀ ပေါင်ပါ။ မြေပြင်သာမက၊ တိမ်တွေကိုပါ အလင်းရောင်ထိုးနိုင်တဲ့အတွက် နေသာတဲ့နေ့အလား မီးထိုးပေးနိုင်မှာပါ။

"ပေ ၁၀၀ ထက်အနီးနားမှာ မီးထိုးလိုက်မယ်ဆိုရင်၊ မျက်စိကျိန်းသွားမှာဖြစ်တဲ့အတွက် နေရာတော်တော်များများမှာ အသုံးမတည့်ဘူး။" ဆိုတာကို စိတ်ထဲမှာမှတ်ထားပေးပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: CNet
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment