Powered by Blogger.

Wi-Fi နည်းပညာထက် အဆ ၁၀၀ မြန်တဲ့ Li-Fi နည်းပညာကို စတင်စမ်းသပ်




သိပ္ပံပညာရှင်တွေဟာ လက်ရှိ Wi-Fi မြန်နှုန်းထက် အဆ ၁၀၀ ပိုမြန်တဲ့ Li-Fi လို့ ခေါ်တဲ့ ကြိုးမဲ့နည်းပညာသစ် တစ်ခုကို စတင်စမ်းသပ်ခဲ့ပါတယ်။

Li-Fi နည်းပညာဟာ အလင်းရောင်ကိုကြားခံနယ်အဖြစ်အသုံးပြုပြီး ဒေတာတွေကို ကူးပြောင်းပေးတဲ့နည်းပညာတစ်ခုဖြစ်ပြီး ယခုအခါ Estonia နိုင်ငံက ရုံးတွေနဲ့ စက်ရုံအလုပ်ရုံတွေမှာ စတင်စမ်းသပ်လျက်ရှိပါတယ်။ လက်ရှိ Wi-Fi နည်းပညာကတော့ ရေဒီယိုကြိမ်နှုန်း နဲ့ အလုပ်လုပ်တာ ဖြစ်ပါတယ်။

ဒီ ကြိုးမဲ့နည်းပညာအသစ်ဟာ စမ်းသပ်ခန်းထဲမှာ စမ်းသပ်မှုအရ တစ်စက္ကန့် ကို 224 gigabit ပေးပို့ နိုင်ပြီး  အင်တာနက်အသုံးပြုမှုနည်းလမ်းတွေကို ပြောင်းလဲပစ်မယ့်အလားအလာမှာရှိနေပါတယ်။

Li-Fi နည်းပညာကို ၂၀၁၁ ခုနှစ်က Scotland နိုင်ငံ၊ Edinburgh တက္ကသိုလ်က Harald Hass ဆိုသူက စတင်တီထွင်ခဲ့တာဖြစ်ပြီး Hass ဟာ LED မီးလုံးတစ်လုံးကိုသာ အသုံးပြုပြီး သာမန် ရေဒီယိုဒေတာလွှင့် တာဝါတွေထက် ဒေတာပိုမိုပို့ ဆောင်နိုင်တာကို လက်တွေ့ သရုပ်ပြခဲ့ဖူးပါတယ်။

ဒီစနစ်အလုပ်လုပ်ပုံဟာ အလင်း (သို့ မဟုတ်) အသံ အချက်ပြနည်းသုံးကာ စာလုံးသင်္ကေတဖော်မှု Morse code နဲ့ ဆင်တူပြီး ဒီစနစ်မှာ မျက်လုံးနဲ့ မြင်နိုင်သောအလင်းအသုံးပြုဆက်သွယ်မှုစနစ် (visible light communication) ကို သုံးထားပြီး မြန်နှုန်းကတော့ အလွန်မြင့်မားတာကြောင့် ပကတိမျက်စိနဲ့ မြင်ဖို့ မဖြစ် နိုင်ပါဘူး။

Li-Fi နည်းပညာဟာ ၄၀၀ နဲ့ ၈၀၀ terahertz (THz) ကြိမ်နှုန်းကြားမှာရှိတဲ့ အလင်းရောင်ကို အသုံးပြုပြီး binary code နည်းနဲ့ အချက်အလက်တွေကို ပေးပို့ တာဖြစ်ပါတယ်။ စမ်းသပ်ခန်းအတွင်းရလဒ်မှာတော့ ဒီ Li-Fi နည်းပညာဟာ တစ်စက္ကန့် ကို 1.5 GB ရှိတဲ့ ရုပ်ရှင်ကား ၁၈ ကားအထိ ဒေါင်းလုဒ်ဆွဲနိုင်ကြောင်း တွေ့ ရှိထားပါတယ်။

“လက်ရှိမှာတော့ စက်ရုံ၊အလုပ်ခွင်တွေမှာ ဒေတာပေးပို့ ဆက်သွယ်မှုကို အလင်းရောင်ကနေတဆင့် လုပ်ဆောင်နိုင်မယ့် စမတ်မီးလုံး၊မီးချောင်းတွေကို ကျွန်တော်တို့ ဒီဇိုင်းထုတ်ပြီးဖြစ်ပါတယ်။ ရှေ့ ပြေး ပရောဂျက်အနေနဲ့ ပုဂ္ဂလိကဖောက်သည်တစ်ဦးကို သူ့ ရဲ့အလုပ်ခွင်မှာ Li-Fi ချိတ်ဆက်မှုနဲ့ အင်တာနက် အသုံးပြုဖို့ ကျွန်တော်တို့ ဆင်ပေးနေပါတယ်” လို့  Velmenni နည်းပညာကုမ္ပဏီရဲ့ CEO Deepak Solanki က UK သတင်းဝက်ဆိုဒ်တစ်ခုကို ပြောကြားခဲ့ပါတယ်။

အားသာချက်အနေနဲ့ အလင်းရောင်ဟာ နံရံတွေကို မဖြတ်နိုင်တာကြောင့် Wi-Fi ထက် ပိုမိုစိတ်ချမှုရှိတဲ့ နက်ဝပ်တစ်ခုကို ရရှိနိုင်မှာဖြစ်ပြီး တခြားဖုန်းတွေ၊ကွန်ပြူတာတွေက ကိုယ့်နက်ဝပ်ကို ဖြတ်ချိတ်တာတွေ ကြုံတွေ့ ရမှု နည်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီစနစ်ဟာ မကြာခင်နှစ်အနည်းငယ်အထိတော့ Wi-Fi ကို အပြည့်အ၀အစားထိုးနိုင်မှာမဟုတ်သေးဘူးလို့ သိရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment