Powered by Blogger.

တစ်ကိုယ်တည်းသမားများနေ့မှာ ရောင်းအားစံချိန်ချိုးခဲ့တဲ့ Alibaba




တရုတ်နိုင်ငံ အခြေစိုက် Alibaba ဆိုတဲ့ e-commerce ကုမ္မဏီကြီးဟာ အမေရိကန် အခြေစိုက် Amazon ရဲ့ ပြိုင်ဘက် ဖြစ်နိုင်တယ်ဆိုတာကို ဗုဒ္ဓဟူးနေ့(နိုဝင်ဘာ ၁၁ ရက်) မှာ ကျင်းပခဲ့တဲ့ တရုတ်နိုင်ငံ ရဲ့ "တစ်ကိုယ်တည်းသမားများနေ့" မှာ ရောင်းအားစံချိန်ချိုးပြီး သက်သေပြနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ ရဲ့ တစ်ကိုယ်တည်းသမားများနေ့ဆိုတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး အွန်လိုင်း ဈေးဝယ်ယူခြင်းနေ့ဖြစ်တဲ့ Cyber Monday နေ့နဲ့ အဓိပ္ပာယ် တူပါတယ်။

Alibaba Group Holding Ltd ဟာ တစ်ကိုယ်တည်းသမားများနေ့ တစ်နေ့တည်းမှာတည် ဒေါ်လာ ၁၄.၃ ဘီလီယံ ဖိုးရောင်းချနိုင်ခဲ့ပြီး မနှစ်က ရောင်းအားထက် ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ် Cyber Monday နေ့မှာ တော့ ဒေါ်လာ ၁.၃၅ ဘီလီယံ သာရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

BBC သတင်းဌာနက တင်ပြထားတဲ့ အချက်အလက်တွေအရတော့ Alibaba ဟာ တစ်ကိုယ်တည်းသမားများနေ့မှာ တစ်မိနစ် ကို ကုန်ပစ္စည်း အော်ဒါ ၁၂၀၀၀၀ တိတိ လက်ခံ ရရှိခဲ့ပြီး ၂၇ သန်းတန်ဖိုးရှိ ၀ယ်ယူမှုတွေရဲ့ ၇၃ ရာခိုင်နှုန်းကတော့ ပထမဆုံး နာရီအတွင်းမှာ မိုဘိုင်းလ်ဖုန်းက တဆင့် ၀ယ်ယူခဲ့တာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

စုစုပေါင်း ရောင်းအားရဲ့ ၆၈ ရာခိုင်နှုန်းကတော့ မိုဘိုင်းလ်က မှာယူမှုတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် တစ်ကိုယ်တည်းသမားများနေ့မှာ Alibaba က စံချိန်တင်ရောင်းချခဲ့ဖူးတဲ့ ဒေါ်လာ ၉.၃ ဘီလီယံ ဆိုတဲ့ ရောင်းအားကို ဒီနှစ်မှာ ၁၂ နာရီအတွင်း ပြန်လည်ချိုးဖျက်ပြီး စံချိန်သစ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၉၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ တစ်ကိုယ်တည်းသမားများနေ့ကို Alibaba ကုမ္မဏီဟာ ၂၀၀၉ ခုနှစ်မှာ စတင်ပါဝင်လာခဲ့တာပါ။ ကုမ္မဏီက BBC သတင်းဌာနကို ပြောကြားခဲ့ပုံအရတော့ ကုန်သည်ပေါင်း ၄၀၀၀၀ ကျော်နဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၃၀၀၀၀ ကျော်တို့ဟာ တစ်ကိုယ်တည်းသမားများနေ့မှာ အလုပ်ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

Alibaba ကို တည်ထောင်ခဲ့သူ Jack Ma က USA Today သတင်းဌာနကို ပြောပြခဲ့တာကတော့ တစ်ကိုယ်တည်းသမားများနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတဲ့ ပထမ ကမ္ဘာစစ် ပြီးဆုံးခဲ့တဲ့ ၁၉၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကို အစွဲပြုပြီး အနောက်နိုင်ငံအများစုက Veterans Day ကို ကျင်းပနေလို့ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Upi
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment