Powered by Blogger.

MH370 ပျောက်ဆုံးပြီးနောက် ကမ္ဘာ့လေကြောင်းခြေရာခံစနစ်ကို ဖန်တီးရန် ကုလသမ္မဂ သဘောတူ





မလေးရှား လေကြောင်းမှ လေယာဉ်အမှတ် MH370 မှာ လူပေါင်း ၂၃၉ယောက် လိုက်ပါစီးနင်းခဲ့ကာ ပျောက်ဆုံးခဲ့ပြီးနောက် တစ်နှစ်အကြာမှာ အများပြည်သူစီး လေယာဉ်တွေကို ခြေရာခံဖို့ရာ ပိုကောင်းတဲ့စနစ် တစ်ခုကို ဖန်တီးဖို့ရာ ဖြစ်လာစေခဲ့ပါတယ်။

နောင်အနာဂတ်မှာ လေယာဉ်တွေ ထပ်မပျောက်သွားဖို့ရာ ကမ္ဘာလုံးဆိုင်ရာ လေကြောင်း ခြေရာခံစနစ်ကို ရေဒီယိုအသံလှိုင်းစဉ်နဲ့ တည်နေရာပြဖို့အတွက် ကုလသမ္မဂ ကော်မတီက နိုဝင်ဘာ ၁၁ရက်နေ့မှာ သဘောတူညီမှု ပြုပါတယ်။

ဒီသဘောတူညီချက်ဟာ ဂျီနီဗာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေဒီယိုဆက်သွယ်ရေး ညီလာခံ ကို ရောက်ရှိခဲ့ပါတယ်။ လေယာဉ် ထုတ်လွှင့်စက်တွေကနေလာတဲ့ အလိုအလျောက် မှီခို စောင့်ကြည့်လေ့လာရေး ထုတ်လွှင့်မှု ထုတ်လွှင့်ချက်တွေကို ဂြိုဟ်တုတွေနဲ့ အာကာသစခန်းတွေကနေ ရရှိဖို့ရာ 1087.7 - 1092.3 MHz ကြိမ်နှုန်းလိုင်းကို ညွှန်းဆိုဖို့အတွက် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကမ္ဘာ့ စံသတ်မှတ်ချက်များကို သတ်မှတ်တဲ့ ကုလသမ္မဂ နိုင်ငံတကာဆိုင်ရာ အဝေးဆက်သွယ်ရေး သမ္မဂ ကနေ သလောတူညီခဲ့တာဖြစ်ပါတယ်။

လက်ရှိ လေယာဉ်တွေဟာ ဒီထုတ်လွှင့်ချက်တွေကို တခြားလေယာဉ်နဲ့ လေယာဉ်ယာဉ်ကြောထိန်းချုပ်ရေးစခန်းတွေကိုသာ ပေးပို့နေတဲ့အတွက် သမုဒ္ဒရာတွေ၊ ဝေးလံတဲ့နေရာတွေကို ပျံသန်းသွားလာတဲ့အခါ ဒီထုတ်လွှင့်ချက်တွေရဲ့ အကျိုးသက်ရောက်မှုက အကန့်အသတ်ရှိနေပါတယ်။ ဒါကြောင့်မို့ အခုလို သဘောတူညီချက်က အလွန်အသုံးဝင်တဲ့ နည်းစနစ်တစ်ခုဖြစ်လာစေပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: the Verge
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment