Powered by Blogger.

Android ဖုန်းပေါ်မှာ ဂီတဘယ်လိုဖန်တီးရတယ်ဆိုတာ သင်ပေးမယ့် Stagelight



ခင်ဗျားရဲ့ ဖုန်းပေါ်မှာ သီချင်းစပ်ချင်တဲ့ အိုင်ဒီယာ ရှိတယ်ဆိုပါစို့။ ပုံမှန်အားဖြင့်တော့ iOS ပေါ်မှာဆိုရင် GrageBand ဆိုတဲ့ App ရှိပါတယ်။ ဒါပေမဲ့ iOS ကိုလဲပြောင်းမသုံးချင်ဘူး၊ Android ဖုန်းပေါ်မှာပဲ ရော့ခ်ချင်တယ်ဆိုရင် ခင်ဗျားအတွက် ကျွန်တော် အခုရှာပေးလိုက်ပါပြီ။

Open Labs ကုမ္ပဏီက Stagelight ဆိုတဲ့ Android ဗားရှင်းတစ်ခုကို ထုတ်လုပ်ထားပါတယ်။ Stagelight က ဂီတဖန်တီးတဲ့ App ပါ။ အခမဲ့ပဲ စပေးထားပါတယ်။ ခင်ဗျား ဦးဆုံးဖန်တီးမယ့် သီချင်းတွေကို ရေးသားဖို့ရာ ကူညီပေးမယ့် သင်ကြားမှုတွေ ဒီထဲမှာ ပါရှိပါတယ်။

ခင်ဗျားရဲ့ ဇ (Talent) ကိုထပ်ချဲ့ချင်သလောက်ပဲ ပိုက်ဆံပေးရမှာပါ။ GarageBand လိုပေါ့။ Samples တွေနဲ့ features သစ်တွေအတွက်ကို App ထဲမှာတင်ဝယ်နိုင်ဖို့ in-App Store ပါရှိပါတယ်။

ဂီတ အခြေခံအချက်တွေကို နားလည်ဖို့ပဲဖြစ်ဖြစ်၊ နောက်ပိုင်းမှ မွမ်းမံနိုင်တဲ့ အကြမ်းထည်တွေကို ဖန်တီးလိုလို့ပဲဖြစ်ဖြစ် Stagelight App ကို ခုပဲ down ပြီးသုံးကြည့်လိုက်ပါ။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: engadget
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment