Powered by Blogger.

ဂျပန်ဘာသာစကားကနေ ဘာသာစကား ၃ မျိုးကို အလိုအလျောက် ပြန်ဆိုပေးသွားမယ့် Panasonic ရဲ့ အော်လန်




ဂျပန်အီလက်ထရောနစ်ပစ္စည်းကုမ္ပဏီ Panasonic ဟာ Star Trek သိပ္ပံကားထဲက စိတ်ကူးယဉ်နည်းပညာကို လက်တွေ့ အသုံးချနိုင်မယ့် အော်လန်တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။

‘Megaphoneyaku’ လို့ အမည်ပေးထားတဲ့ မှော်ဆန်ဆန်အော်လန်ဟာ အော်လန်ရဲ့မိုက်ခွက်က ပြောလိုက်တဲ့ စကားကို ဘာသာစကားသုံးမျိုးအထိ ချက်ချင်းဘာသာပြန်ပေးနိုင်ပြီး စပီကာကနေ ပြန်လည်ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။

ယခုအခါ ဂျပန်နိုင်ငံ၊ Narita အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုင်းတပါးသားခရီးသွားတွေ ကို သိသင့်တဲ့ အချက်အလက်တွေပြောကြားရာမှာ ပိုမိုအထောက်အကူရဖို့ အတွက် အဆိုပါအော်လန်ကို စမ်းသပ်သုံးလျက် ရှိပါတယ်။

၂၀၁၄ ခုနှစ်ဂျပန်နိုင်ငံ၊ ရေလွှမ်းမိုးမှုအတွင်း လေဆိပ်မှာသောင်တင်နေတဲ့ နိုင်ငံခြားသားခရီးသည်တွေနဲ့  လေဆိပ်ဝန်ထမ်းတို့ ဆက်ဆံပြောဆိုရာမှာ ဘာသာစကားအခက်အခဲတွေကြုံခဲ့ရပြီးနောက် ယခုအော်လန်ကို စမ်းသပ်သုံးကြည့်ချင်တာဖြစ်တယ်လို့ လေဆိပ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အော်လန်ကိုင်သူအနေနဲ့ မိမိပြန်ဆိုချင်တဲ့ဘာသာစကားကို စက်မှာပါတဲ့ touchscreen ကနေ ရွေးချယ်နိုင်ပြီး မိုက်ခရိုဖုန်းကနေ မိမိဘာသာစကားနဲ့ ပြောလိုက်ရုံနဲ့ စပီကာကနေ ဘာသာပြန်ထားတဲ့အသံထွက်လာမှာ ဖြစ်ပါတယ်။

ဒီ အော်လန်ဟာ Panasonic ရဲ့ နောက်ဆုံးထုတ်ပစ္စည်းတစ်ခုဖြစ်ပြီး လူတွေခရီးသွားလာတဲ့အခါ ဆက်ဆံပြောဆိုရေးအခက်အခဲတွေမကြုံတွေ့ အောင်လို့ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းတုန်းကလည်း Panasonic ဟာ လက်ဖ၀ါးအရွယ်အစားလောက်သာရှိပြီး လည်ပင်းမှာပတ်ကာ ဘာသာစကား ၁၀ မျိုးကို အလိုအလျောက်ပြန်ပေးနိုင်မယ့် ကိရိယာတစ်မျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။

( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment