အိမ်မှာတင် ကလေးမွေးချင်ပါသလား။ အဲ့ဒီ့အတွက် App တစ်ခုရှိပါတယ်။ မွေးကာစကလေး သတိမေ့မျောခြင်းနဲ့ သွေးထွက်လွန်ခြင်း စတာတွေအပါအဝင် အရေးပေါ်ကိစ္စရပ်များကို ရင်ဆိုင်နိုင်နည်းများကို သင်ကြားပြသပေးမယ့် training tool တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။
လက်ရှိနေထိုင်နေရတဲ့ နည်းပညာမြင့် ကမ္ဘာကြီးထဲမှာ၊ ချိန်းတွေ့တာကအစ ပီဇာမှာတဲ့အထိ ဘဝကြီးကို လွယ်ကူချောမောသွားစေမဲ့ App တွေရှိပါတယ်။ အိမ်မှာပဲ မွေးမယ်လို့မျှော်လင့်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကို ကူညီပေးဖို့ရာ နည်းပညာရှိပါတယ်။ ဒါကတော့ Safe Delivery Appပါ။
မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့အစည်းဖြစ်တဲ့ ဒက်ရှ်နိုင်ငံအဖွဲ့အသည်းကနေ အမျိုးသမီးတွေအတွက် ဖုန်းကနေတဆင့် နည်းပညာမြင့်မွေးဖွားခြင်းအတွက် အထောက်အကူတွေ ထောက်ပံ့ပေးသွားမှာပါ။
ခလုတ်တစ်ခုကို တို့ထိရုံနဲ့ မွေးဖွားစဉ်ကာလမှာ ဖြစ်ပေါ်လာနိုင်တဲ့ အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်နိုင်ဖို့ရာ ကျန်းမာရေး လမ်းညွှန်ချက်တွေကို သရုပ်ဖော်ပြကွက်ရုပ်ရှင်တွေနဲ့ ရိုးရှင်းတဲ့ ညွှန်ကြားချက်တွေကို ပြသပေးမှာပါ။ သွေးသွန်လွန်ခြင်း၊ မွေးဖွားရခက်ခဲခြင်း၊ မွေးကာစကလေး သတိလစ်ခြင်း၊ ရောဂါပိုးမွှားဝင်ခြင်း စတဲ့ ရှုပ်ထွေးမှုအားလုံးကို သင်ပြပေးမှာပါ။
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆေးရုံကကျွမ်းကျင်ပညာရှင်တွေနဲ့ပဲ မွေးဖွားသင့်ပါတယ်။ ဒီ App က ကိုယ်ဝန်ဆောင်မိခင်တွေကို ကျန်းမာရေး ဗဟုသုတ အများကြီးပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Daily Mail
0 comments:
Post a Comment