၂၀၁၆ မှာ Bluetooth ရဲ့ ချိတ်ဆက်နိုင်တဲ့ အကွာအဝေး ၄ ဆ ပိုမို ကောင်းမွန်လာမည်
ယနေ့ခေတ်မှာ လူတွေဟာ Bluetooth ကိရိယာ ပေါင်းများစွာအတွက် နေ့စဉ် အလုပ်လုပ်ပေးနေကြရပါတယ်။ Headphone တွေကစလို့ စပီကာတွေ ၊ အိမ်သုံး Gadget ပစ္စည်းတွေအထိ Bluetooth ဆိုတဲ့ ကြိုးမဲ့ချိတ်ဆက်မှု စနစ်ဟာ ကျွန်ုပ်တို့ရဲ့ နည်းပညာ လုပ်ဆောင်ချက်အများစုကို နေရာယူထားပါတယ်။
ထို ကြိုးမဲ့ချိတ်ဆက်မှု နည်းပညာ ကို ဖန်တီးထားတဲ့ Bluetooth SIG ဆိုတဲ့ ကုမ္မဏီကို ကျေးဇူးတင်ရမှာက ကျွန်ုပ်တို့ ပုံမှန်အားဖြင့် အသုံးပြုနေတဲ့ Bluetooth ချိတ်ဆက်မှုဟာ ၂၀၁၆ ခုနှစ်မှာ ပိုမိုကောင်းမွန်လာတော့မှာပါ။ ကုမ္မဏီက တရားဝင် ထုတ်ဖော်ကြေညာခဲ့တာကတော့ အင်တာနက်နဲ့ချိတ်ဆက်မှု တွေများလာတဲ့အချိန်မှာ အင်တာနက်မလိုပဲ ကြိုးမဲ့စနစ်နဲ့ တင် ချိတ်ဆက်ခြင်းတွေကို ပိုမို Update လုပ်ပေးတော့မယ်ဆိုတာပါပဲ။
အခုလို ပြောင်းလဲမှုတွေဟာ အိမ်သုံး စမတ် ကိရိယာတွေ ၊ စက်ရုံသုံး Automation တွေ နဲ့ တည်နေရာအခြေပြု ၀န်ဆောင်မှု တွေအတွက် ဖြစ်ပြီး ၂၀၁၆ မှာ Bluetooth ရဲ့ ချိတ်ဆက်နိုင်တဲ့ အကွာအဝေးဟာ လက်ရှိ ချိတ်ဆက်နိုင်တဲ့ အကွာအဝေး ရဲ့ ၄ ဆ ပိုဆို ကောင်းမွန်လာတော့မှာပါ။ ဒါ့အပြင် ဒေတာ လွှဲပြောင်းပေးတဲ့ မြန်နှုန်းဟာလည်း ပါဝါ ပိုမို သုံးစွဲခြင်းမရှိပဲ ရာနှုန်းပြည့် မြန်ဆန်လာတော့မယ်လို့ သိရပါတယ်။
Bluetooth SIG ကုမ္မဏီဟာ အခုလို ရှုပ်ထွေးတဲ့ Network ချိတ်ဆက်မှုအတွက်လည်း ဆောင်ရွက်နေပြီး ထို နည်းပညာဟာ အဆောက်အဦး တစ်ခုအတွင်း (သို့) နေရာ တစ်ခုလုံးမှာ ရှိတဲ့ မတူညီတဲ့ ကိရိယာ အမျိုးမျိုးကို တစ်ပြိုင်နက် ချိတ်ဆက်နိုင်စေတော့မှာပါ။
( Mario )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Engadget
0 comments:
Post a Comment