Powered by Blogger.

သခင်ကိုသစ္စာရှိပြီး သခင်ရဲ့အသံကိုတောင် ခွဲခြားသိရှိနိုင်မယ့် စက်ရုပ်ခွေးလေး



မြေပေါ်လှိမ့်ခိုင်းတာ၊ ထိုင်ခိုင်းတာ၊ ဘောလုံးကောက်ခိုင်းတာတွေဟာ ပုံမှန်အားဖြင့်တော့ စက်ရုပ်တစ်ရုပ်အတွက် အမိန့်တွေမဟုတ်ပါဘူး။ ဒါပေမဲ့ တကယ်တော်တဲ့ အရုပ်ကုမ္ပဏီ WowWeeဟာ ပါပီလေးတစ်ကောင် ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းသစ်တစ်ရပ်ကို ဖန်တီးခဲ့ပါတယ်။

CHIP (Canine Home Intelligent Pet) လို့ခေါ်တဲ့ အသိဉာဏ်ရှိ အိမ်မွေးခွေးလေးဟာ LED မျက်လုံးအပြာရောင်လေးတွေ၊ နားရွက်ထောင်ထောင်လေးတွေ ပါရှိပြီး ထိုင်နိုင်၊ လှုပ်နိုင်၊ ကနိုင် ပြီး ခွေးတွေလုပ်နိုင်တဲ့ အသံအားလုံးကို ပြုလုပ်နိုင်တဲ့ ခွေးစက်ရုပ်လေးပါ။

စမတ်လက်ပတ်လေးကို အသုံးပြုခြင်းဖြင့် ဒီခွေးလေးက သူ့ပိုင်ရှင်နောက်ကိုလိုက်နိုင်ပါတယ်။

CHIP မှာ Mecanum ဘီးတွေကိုအသုံးပြုထားပြီး သူ့ရဲ့ဘောလုံးကို 360ံ ပတ်လည်လိုက်ရှာနိုင်ဖို့အတွက် အာရုံခံကိရိယာတွေ တပ်ဆင်ထားပါတယ်။

ပိုင်ရှင်ဝတ်ထားတဲ့ စမတ်လက်ပတ်နဲ့ ချိတ်ဆက်ဖို့ကိုတော့ Bluetooth စနစ်ကို အသုံးပြုထားပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment