Powered by Blogger.

Facebook အသုံးပြုတဲ့ မိဘတွေကို သတိပေးမဲ့ စနစ်သစ်ထွက်ရှိ



Facebook အသုံးပြုတဲ့ မိဘတွေကို မိမိရဲ့ ကလေးဓာတ်ပုံတွေကို Public လုပ်ပြီး တင်မယ်ဆိုရင် သတိပေးချက် ပြုလုပ်တဲ့ feature သစ်တစ်ခုကို Facebook က မိတ်ဆက်လိုက်ပါတယ်။

အဆင့်မြှင့်ထားတဲ့ Artificial Intelligence (AI) မှာ နက်နက်ရှိုင်းရှိုင်း သင်ယူနိုင်စွမ်းရှိပြီး ဓာတ်ပုံတွေမှာ ပါဝင်တဲ့ အကြောင်းအရာတွေကို စမ်းစစ်မှု ပိုအားကောင်းလာတယ်လို့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာ ဆရာကြီး Jay Parikh ကပြောခဲ့ပါတယ်။

မိသားစုဝင်တွေရဲ့ ဓာတ်ပုံကို Public လုပ်ပြီးတင်မယ်ဆိုရင် ဒီဆော့ဖ်ဝဲလ်က  သတိပေးမက်ဆေ့ခ်ျ ပေးပို့မှာ ဖြစ်တယ်လို့ Evening Standard က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ညက လန်ဒန်မှာ ဟာသပညာရှင် Dara O'Briain နဲ့ မစ္စတာ Parikh တို့ မီဒီယာပွဲလုပ်တုန်းက "ကျွန်တော်က ကျွန်တော့်ကလေးတွေနဲ့ ပန်းခြံမှာ ကစားနေတဲ့ ဓာတ်ပုံကို တင်မယ်ဆိုရင်၊ ပြီးတော့ မမျှော်လင့်ထားဘဲ public လုပ်ပြီး share မိတဲ့အခါ၊ 'ဟေ့၊ ခဏစောင့်ဦး၊ ဒါ ခင်ဗျားကလေးတွေရဲ့ ဓာတ်ပုံနော်၊ ပုံမှန်ဆိုရင် ခင်ဗျားရဲ့ မိသားစုဝင်တွေဆီကိုပဲ post လုပ်တာ၊ ဒီလိုမျိုး (Public လုပ်ပြီးတင်တာ) ကို လုပ်ချင်တာ တကယ်ပဲလား။' လို့ စနစ်ကနေ ကျွန်တော့်ကို ပြောမှာပါ။" လို့ မစ္စတာ Parikh ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment