ကမ္ဘာ့အကြီးဆုံးလေယာဉ်သင်္ဘောကြီး ပထမဆုံးအကြိမ် လေထဲစတင် ပျံတက်
ကမ္ဘာ့အကြီးဆုံးလေယာဉ်ကြီးအဖြစ်စံချိန်တင်ထားတဲ့ လေယာဉ်ကြီးဟာ ဗြိတိန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် မြေပြင်ကနေ အပေါ်ကို ပျံတက်နိုင်လိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်မရောက်ခင်အထိ ဒီ လေယာဉ်ကြီးကို မွမ်းမံတည်ဆောက်နေတဲ့ လေယာဉ်ရုံကနေ ခွာနိုင်ဦးမှာမဟုတ်သေးပါဘူး။
Airlander လို့ အမည်ပေးထားတဲ့ အဆိုပါလေယာဉ်ကြီးဟာ လေသဘောင်္ နဲ့ လေယာဉ်တို့ ကို ဖက်စပ်ဒီဇိုင်း ဆင်ထားတာဖြစ်ပြီး ကနဦးတုန်းက အမေရိကန်စစ်တပ်ရဲ့ ပရောဂျက်တစ်ခုအနေနဲ့ စတင်ခဲ့ကာ ဖြစ်ကာ ၂၀၁၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါမှာတော့ Bedfordshire ကောင်တီက လေယာဉ်ရုံကြီးထဲမှာ စီးပွားရေးနဲ့ အပျော်ခရီးပျံသန်း မှုတွေမှာ အသုံးပြုဖို့ အတွက် ပြောင်းလဲမွမ်းမံလျက်ရှိပါတယ်။
လေယာဉ်သဘောင်္ကြီးထဲကို အိုလံပစ်ရေကူးကန် ၁၅ ကန်ကို အပြည့်ဖြည့်နိုင်လောက်တဲ့ ဟီလီယမ်ဓာတ်ငွေ့ ကုဗပေ ၁.၃ သန်းဖြည့်သွင်းခဲ့ပြီးနောက် ယခုအခါ လေပေါ် ပေါ်နေနိုင်ပြီဖြစ်ပါတယ်။ လေယာဉ် လေထဲမပါသွားအောင်အတွက် ၀န်ပင့်ထရပ်ယာဉ်လေးစီးနဲ့ ချိတ်တွဲထားရပြီး ယာဉ်တစ်စီးဆီမှာ နှစ်တန်ရှိတဲ့အင်္ဂတေတုံးတစ်တုံးစီနဲ့ တင်ထားရပါတယ်။
ယခုအခါ လေယာဉ်သဘောင်္ကြီးကို လေယာဉ်ရုံရဲ့ တံခါးပေါက်တွေအနား ပြောင်းရွှေ့ ထားပြီး ၂၀၁၆ ခုနှစ် အစောပိုင်း တကယ်ပျံသန်းမှုမပြုလုပ်ခင်မှာ ပေါင် သန်း ၈၀ တန်တဲ့ အင်ဂျင်၊ လေယာဉ်ဆူးတောင် ၊ သီးသန့် မော်ဂျူးအစိတ်အပိုင်းတို့ ကို တပ်ဆင်သွားမှာဖြစ်ပါတယ်။
ပေ ၃၀၀ ရှည်တဲ့ Airlander လေယာဉ်သဘောင်္ကြီးဟာ Airbus A380 လေယာဉ်ကြီးထက်တောင် ကြီးမားပြီး လက်ရှိကမ္ဘာ့ အကြီးမားဆုံး လေယာဉ်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၁၉၃၀ ပြည့်နှစ်တွေက ဂျာမနီနိုင်ငံက တည်ဆောက်ခဲ့တဲ့ သမိုင်းတွေ Zeppelin လေသဘောင်္တွေနဲ့ ယှဉ်ရင်တော့ ပိစိလေးဖြစ်နေဦးမှာဖြစ်ပါတယ်။
လေယာဉ်ရဲ့အပေါ်ပင့်တင်မှု ၆၀ ရာခိုင်နှုန်းကို ဟီလီယံဓာတ်ငွေ့ တွေက အားဖြည့်ပေးမှာဖြစ်ပြီး ကျန်တဲ့ ၄၀ ရာခိုင်နှုန်းကတော့ တောင်ပံတွေရဲ့ ပင့်တင်အားနဲ့ လေပေါ်ပျံသန်းမှာဖြစ်ပါတယ်။ တစ်ကြိမ်ဖြည့်ထားရင် အမြင့်ပေ ၂ သောင်းမှာ၊ နှစ်ပတ်ကြာ ပျံသန်းနိုင်ပြီး တစ်နာရီ မိုင် ၉၀ နှုန်းပျံသန်းနိုင်ကာ၊ ကုန်ချိန် ၁၀ တန် တင်ဆောင်နိုင်ပါတယ်။
ဒီလေယာဉ်သဘောင်္ဒီဇိုင်းတွေဟာ အနာဂတ်လေယာဉ်ကူးသန်းသယ်ပို့ လုပ်ငန်းရဲ့ အဓိကဖြစ်လာနိုင်ပြီး၊ လက်ရှိ သမားရိုးကျ လေယာဉ်ပျံတွေဟာ လေထုညစ်ညမ်းမှုကို ထုတ်လွှတ်ပြီး မြေပေါ်ကလူတွေအတွက်လည်း ဆူညံမှုကို ဖြစ်စေနိုင်ပါတယ်။
ယခု Airlander လေယာဉ်ဟာ အဆင်းအတက်မှာ ဟယ်လီကော်ပတာ တစ်စီးလို ဆင်းတက်နိုင်ပြီး၊ ရှည်လျားတဲ့ လေယာဉ်ပြေးလမ်းတွေလည်း လိုမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Dailymail
0 comments:
Post a Comment