ပဲရစ်မြို့ လေဆိပ် ရဲ့ လေကြောင်းထိန်းချုပ်မှုကွန်ပြူတာ မှာ Windows 3.1 စနစ်ကို သုံးနေဆဲဖြစ်
Windows 3.1 အစိမ်းသက်သက်သမားတွေအတွက်တော့၊ လေကြောင်းထိန်းချုပ်မှုစနစ်ကို အသာထား၊ ATM စက်တစ်စက်ကိုတောင် run နိုင်ပါ့မလားလို့ ထင်ပါလိမ့်မယ်။
ပြင်သစ်နိုင်ငံ၊ Orly လေဆိပ်ဟာ သက်တမ်း ၂၃ နှစ်ရှိပြီဖြစ်တဲ့ Windows 3.1 စနစ်ကို အသုံးပြုလျက်ရှိပြီး မကြာသေးမီက စနစ်ချို့ ယွင်းမှုကြောင့် လေကြောင်းခရီးစဉ်ရွှေ့ ဆိုင်းမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ နိုဝင်ဘာလ ၇ ရက်မှာဖြစ်ပေါ်ခဲ့တဲ့ ကွန်ပြူတာစနစ်ချို့ ယွင်းမှုကြောင့် လေယာဉ်အမြောက်အများဟာ နာရီအတော်ကြာ သောင်တင်ခဲ့ရပါတယ်။
ပြင်သစ်နိုင်ငံ လေကြောင်းထိန်းသိမ်းရေးအဖွဲ့ အစည်းရဲ့ အထွေထွေအတွင်းရေးမှူး Alexandre Fiacre ရဲ့ ပြောကြားချက်အရ ဒီ စနစ်ချို့ ယွင်းမှုဟာ Windows 3.1 မှာ အသုံးပြုထားတဲ့ လေကြောင်းထိန်းဆော့ဖ်ဝဲကြောင့် ဖြစ်တယ်လို့  ဆိုပါတယ်။
“ ဒီလောက် အိုဟောင်းနေတဲ့ စစ်စတမ်တစ်ခုရဲ့ပြဿနာက လူတွေ ပြုပြင်ထိန်းသိမ်းမှုမလုပ်ပေးချင်ကြလို့  ဖြစ်ပါတယ်။ ဒီ့အပြင် ဒီ operating system ကို ကိုင်တွယ်ဖို့ ကျွမ်းကျင်တဲ့ပညာရှင်တွေလည်း နောက်နှစ်ထဲ အနားယူကြတော့မှာပါ။ ပဲရစ်မှာ ဒီလိုပြဿနာတွေနဲ့ ပတ်သတ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ပညာရှင် သုံးဦးပဲရှိပါတယ်” လို့ Alexandre Fiacre က ပြောကြားခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Metro
0 comments:
Post a Comment