Candy
Crush ကို ရေးဆွဲခဲ့တဲ့ King ကုမ္ပဏီကို Destiny တို့၊ Call of Duty တို့ ဖြန့်ချိခဲ့တဲ့
Activision ကုမ္ပဏီကနေ က ကန်ဒေါ်လာသန်းငါးထောင်ကျော် နဲ့ ဝယ်ယူခဲ့တယ်လို့ သတင်းရရှိပါတယ်။
Activision ဟာ World of Warcraft ကိုရေးဆွဲခဲ့တဲ့ Blizzard နဲ့လည်း Activision
Blizzard umbrella corporation ဆိုပြီး ပူးတွဲလုပ်ဆောင်နေတဲ့ စီးပွားဖက်တွေ ဖြစ်ပါတယ်။
Candy
Crush Saga ကို ၂၀၁၂ခုနှစ် ဧပြီလကတည်းက Facebook မှာ စတင်ထုတ်ဝေခဲ့တဲ့ အနည်းဆုံး ၃လုံးတူ
ဆက်ရတဲ့ ဂိမ်းတစ်ခုပါ။ အဲ့ဒီ့အချိန်ကတည်းက လူဆော့နှုန်းဟာ တစ်ဟုန်တိုး တိုးမြင့်လာခဲ့ပြီး
၂၀၁၄ခုနှစ်စာရင်းအရဆိုရင် ဂိမ်းဆော့သူတွေဟာ Candy Crush ထဲမှာ ကန်ဒေါ်လာ ၁.၃၃ သန်းထောင်
ပေးပြီး ဆော့ခဲ့ကြတယ်လို့ သိရပါတယ်။
အခုဆိုရင်
Activision Blizzard အနေနဲ့ သူပိုင်ဆိုင်ထားတဲ့ ဂိမ်းတွေ တော်တော်များလာပါပြီ။
Skylanders series, World of Warcraft, Heartstone, Destiny, Call of Duty စတာတွေအပြင်
အခုလည်း Candy Crush Saga ကို ထပ်မံပိုင်ဆိုင်လိုက်ပါပြီ။
( Skyler
)
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref:
engadget
0 comments:
Post a Comment